ပေကျင်း ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်ဆေးသည် ဥရောပ နှင့် အမေရိကန် နိုင်ငံ တို့၏ ကာကွယ်ဆေးထက် ဈေးနှုန်းပိုမိုမြင့်မားသည် ဟူ၍ ရေးသားဖော်ပြမှုများသည် မည်သည့် အထောက်အထား မှမရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ကာကွယ်ဆေးအား ကမ္ဘာ့အများပြည်သူ့...
နေပြည်တော်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ ကားဝယ်ယူခွင့် ကိစ္စကို အောက်တိုဘာ လလယ်ပိုင်း၌ စတင်နိုင်မည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ယနေ့ နေ့လယ်ပိုင်းတွင် ဖြေကြားခဲ့သည်။
ရီဂါ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် ဥရောပတိုက်၏နိုင်ငံကြီးတစ်နိုင်ငံဖြစ်ရာ ဥရောပအနေဖြင့် ရုရှားနှင့်မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း လတ်ဗီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း ၁,၇၀၀ ကျော်သည် COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရပြီး သေဆုံးသူအများစုမှာ တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံ (PPE) လုံလောက်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံ၏ အကြီးဆုံး သူနာပြုသမဂ္ဂဖြစ်သည့် အမျိုးသား သူနာပြုများယူနိုက်တက်၏ အစီရင်ခံစာအရ သိရသည်။
လန်ဒန် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ဒုတိယ အကြီးဆုံး ရေနံ ကုမ္ပဏီ ဖြစ်သည့် Shell က COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်တွင် ရေနံသုံးစွဲမှုလျော့ကျလာခြင်း နှင့် ရေနံဈေးနှုန်း ကျဆင်းမှု တို့ ကြောင့် ကုမ္ပဏီ အနေဖြင့် ၂၀၂၂...