ပါရီ ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ စာပို့လုပ်ငန်းကုမ္ပဏီသည် ဖေဖော်ဝါရီ ၁ ရက်တွင်စတင်ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော်(ကျားနှစ်) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ကျား”ပုံပါ တံဆိပ်ခေါင်းနှစ်မျိုးကို ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့ကြောင်း သိရသည်။
မွန်ဘိုင်း ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ လူနေအဆောက်အအုံတစ်လုံး၌ ဇန်နဝါရီ ၂၂ ရက်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံးကာ အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရှီးအန်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) ၂၀၂၁ ခုနှစ်က ရှေးဟောင်းသုတေသနပညာရှင်များက “ချင်” စစ်သည် မြေရုပ်တု အမှတ်(၁) တွင်း၏ တွင်းနှစ်တွင်းကို သုတေသနပြုတူးဖော်ကြည့်ရာတွင် မြေထည်စစ်သည်ရုပ်တု ၂၅ ခုကို တွေ့ရှိရကြောင်း ချင်ရှီဟွမ်ဂူဗိမာန်ပြတိုက်မှ သိရသည်။ ၎င်းတို့အနက် တူးဖော်ရရှိသည့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်စစ်သည်အရာရှိရုပ်တုများသည် အမှတ်(၁)တွင်း စစ်တပ်ဖြန့်ကျက်စီရင်မှုကို...
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ 5G ဖုန်းများ တင်ပို့ရောင်းချမှု ပမာဏသည် အလုံးရေ ၂၆၆ သန်းရှိခဲ့ပြီး မိုဘိုင်းလ်ဖုန်းဈေးကွက်ကို ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) မှ ထုတ်ပြန်သော အချက်အလက်များ...