ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) မတ် ၁ ရက် ကစ၍ နွေရာသီကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် နွေရာသီသည် ပူပြင်းစိုစွတ် နိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၄ ရက်တွင် ပြောသည်။
မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးများအား အစီအစဉ်လျားထားသည့်အတိုင်း တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း သမ္မတ ဗလာတီမာပူတင်(Vladimir Putin) က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍ အနောက်တိုင်းမီဒီယာမှ တရုတ်နိုင်ငံနှင့် ဆက်စပ်ရေးသားဖော်ပြထားသည့် သတင်းအချက်အလက်များသည် အတုအယောင်ချည်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်းကို အစပြုသူများအနေဖြင့် ယူကရိန်းအကျပ်အတည်းအတွင်း မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို...
မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် နိုင်ငံပေါင်းစုံနှင့်အတူ အရပ်သားများကို ယူကရိန်းမှထွက်ခွာရန် ကူညီသွားလိုကြောင်း ရုရှား အမျိုးသားကာကွယ်ရေး စီမံခန့်ခွဲမှုစင်တာ တာဝန်ရှိသူ Mikhail Minzintsev က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က ဘီလာရုစ်နိုင်ငံတွင် မတ် ၃ ရက်က ဒုတိယအကြိမ်ဆွေးနွေးမှုများအတွင်း အရပ်သားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ စီစဉ်ရန် သဘောတူခဲ့ကြကြောင်း ယူကရိန်း သမ္မတ အကြံပေး Mykhailo Podoliak က...