ဂါဇာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ကာတာနိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးရေးစက်ရုံအတွက် သဘာဝဓာတ်ငွေ့ ပေးပို့ရေး အာမခံထားသော သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပါလက်စတိုင်းဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီး Mohammed al-Emadi က ဇန်နဝါရီ ၂၁ ရက်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘူလ်ဂေးရီးယားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့်အတွက် Rumen Radev အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၂ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
တိုကျို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မိုး/ဇလဌာန(JMA) က ဇန်နဝါရီ ၂၂ ရက် နံနက်အစောပိုင်းတွင် ကျူရှူးဒေသ၌ လှုပ်ခတ်သွားခဲ့သည့် ငလျင်ကို ပြင်းအား ၆ ဒသမ ၆ အဆင့်သို့ အမြှင့်တင်သတ်မှတ်ခဲ့သည်။ ဂျပန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ လက်ရှိတွင် ငလျင်ကြောင့် လူဆယ်ဦးကျော်...
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) “ရုရှား-ဘီလာရုဇ် ပေါင်းစည်းထားသော ဒေသတွင်း လေကြောင်းကာကွယ်ရေးစနစ်”၏ အသင့်အနေထားကို စမ်းသပ်ရန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ထိန်းချုပ်သည့်တပ်ဖွဲ့နှစ်ဖွဲ့ကို ဘီလာရုဇ်နိုင်ငံသို့ စေလွှတ်ထားပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ ဘက်ရှိ ကလီမန်တန်ပြည်နယ်ဘာလစ်ပါပန်မြို့၌ ယာဉ်ချင်းဆင့်တိုက်မိမှုများကြောင့် လူလေးဦး သေဆုံးပြီး အခြားသူ ၂၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။