နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နှင့် ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။
နေပြည်တော်။ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ (ဇန်နဝါရီ ၁၇ ရက်) ညနေပိုင်းတွင် နေပြည်တော် သမ္မတအိမ်တော်၌ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသို့ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိလာသည့် သမ္မတရှီကျင့်ဖိန်လိုက်ပါလာသော အထူးလေယာဉ် မြန်မာ့လေပိုင်နက်အတွင်းဝင်ရောက်လာချိန်တွင် မြန်မာ့လေတပ်မှ fighter jet နှစ်စီးကခြံရံကာ လိုက်ပါလာသော ရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် အဖြစ် နေပြည်တော်သို့ ယနေ့ဇန်နဝါရီ ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း...