Connect with us

Agriculture

လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ် ဇန်နဝါရီ ၁၇ ရက်မှ စ၍ ပြန်လည်ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကြောင့် ၆လကြာပိတ်ထားရသော လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ကုန်သွယ်ရေးဂိတ်အား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးပြန်လည်စတင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသို့ ယနေ့ဇန်နဝါရီ ၁၈ ရက် တွင်ပြောသည်။“ကျွန်တော်တို့ မြန်မာနဲ့တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးက နှစ်ဘက်သဘောတူတဲ့ ပုံစံနဲ့ လုပ်ရတာဖြစ်တယ်။ COVID-19 စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဆောင်ရွက်တာဖြစ်တယ်။ အခုလိုပြန်ဖွင့်နိုင်တာက ကုန်သွယ်မှု တိုးတက်ရေး အတွက် အထောက်အကူဖြစ်စေပါတယ်’’ ဟု ၄င်းကဆိုသည်။

နှစ်နိုင်ငံကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဘက်မှ ကြံနှင့် တစ်သျှူးငှက်ပျောတို့ကို စမ်းသပ်ကာလတွင် တင်ပို့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာ-တရုတ်ကုန်သွယ်မှု က တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အများဆုံးကုန်သွယ်မှုရှိပါတယ်။ ကျွန်တော်တို့ ကအဲဒီကမှ နယ်စပ်ကုန်သွယ်ရေးနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှာ နယ်စပ်ကုန်သွယ်ရေးက ပိုများတယ်။ COVID-19 ဖြစ်တော့ နယ်စပ်ဂိတ်တွေ ပိတ်ရတယ်။ ကုန်သွယ်မှု ထိခိုက်တယ်။ မြန်မာပို့ကုန်တွေ ထိခိုက်တယ်။ အခုလိုနယ်စပ်ကုန်သွယ်ရေးစခန်းပြန်ဖွင့်နိုင်တော့ ပြည်ပကုန်သွယ်မှုတန်ဖိုးလည်းတက်မယ်။ ပြည်တွင်းမှာလည်း တောင်သူတွေအတွက် ရာသီပေါ်သီးနှံတွေ ဈေးကောင်းရဖို့ အခွင့်အလမ်းတွေရှိတယ်လို့မြင်ပါတယ်” ဟု ဆက်ပြောသည်။

ကုန်စည်စီးဆင်းရာတွင် နှစ်နိုင်ငံသဘောတူညီချက်အရ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် COVID-19 ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူများကိုသာ ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.