ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၁၇ ရက်) ညပိုင်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၈ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၄,၀၄၃) ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗီယင်ကျန်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) Nateuy ဘူတာရုံအဓိကအဆောက်အအုံ နောက်ဆုံးကွန်ကရစ်ခေါင်မိုး လောင်းပြီးနောက် တရုတ်ရထား လမ်းတည်ဆောက်ရေး အင်ဂျင်နီယာရင်းဂရု(ပ်) (CRCEG) ၏ တရုတ်-လာအိုရထားလမ်းတစ်လျှောက် ပထမဆုံး ဘူတာရုံ တည်ဆောက်မှုမှာ စက်တင်ဘာ ၁၇ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) စက်တင်ဘာ ၁၉ ရက် မှ ၂၂ ရက်အထိ တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့် သတိပေးချက်တစ်ခုကို ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃နာရီထိ သေဆုံးသူ ၁၁ ဦးထိရှိလာသဖြင့် သေဆုံးသူ စုစုပေါင်း ၅၇ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
မော်စကို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံပိုင် ရန်ပုံငွေအဖွဲ့ဖြစ်သော (Sovereign wealth fund) က အိန္ဒိယဆေးကုမ္ပဏီကို COVID-19 ကာကွယ်ဆေး “Sputnik V” သန်း၁၀၀ ထောက်ပံ့ရန် Dr. Reddy’s Laboratories လီမိတက် နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း စက်တင်ဘာ...