မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံအရှေ့ပိုင်းဒွန်းဘတ်စ်ဒေသရှိ ခေါင်းဆောင်များ၏ ပန်ကြားချက်အရ ယင်းဒေသများ၌စစ်ဆင်ရေးလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုပ်သံမိန့်ခွန်း၌ပြောကြားခဲ့သည်။(Xinhua) ……………… (English Version) GLOBALink | Putin authorizes “special operation” in...
မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတော်ကာကွယ်ရေးစွမ်းဆောင်နိုင်မှု အာမခံချက်သည် ရုရှားနိုင်ငံ၏ အရေးကြီးသော အမျိုးသားရေးတာဝန်ဖြစ်ကြောင်းနှင့် ရုရှားစစ်အင်အားသည် အမျိုးသားလုံခြုံရေး၊ ပြည်သူတို့ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့် နိုင်ငံတော် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကိုးအားထားရသော အာမခံချက်ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရုပ်သံမိန့်ခွန်း၌ပြောကြားခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုအသစ်အား ပြင်းထန်သည့်တုံ့ပြန်မှုတစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံအတွက် သေချာပေါက်ခေါက်ချိုးညီအနေအထား မဟုတ်ဘဲ ထိလွယ်ရှလွယ်ဖြစ်စေမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာတသတ်မတ်တည်းဖြစ်ပြီး အပြောင်းအလဲမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဖေဖော်ဝါရီ ၂၃ ရက် က ပြောကြားခဲ့သည်။ (Xinhua) ………………………. (English Version) GLOBALink | China’s position on Ukraine...