ဘန်ကောက် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) Nakhon Pathom ပြည်နယ်ရှိ သားသတ်ရုံတစ်ခုမှ စုဆောင်းရယူထားသည့် မြေပြင်ဓာတ်ခွဲနမူနာတစ်ခုတွင် အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်မှုအား တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းမှာ နိုင်ငံအတွင်း ပထမဆုံး တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ဖြစ်ကြောင်း ထိုင်းနိုင်ငံက ပြောကြားခဲ့သည်။
ကိုပင်ဟေဂင် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် “ အားကြီးသော ဒီလှိုင်း”ကဲ့သို့ ဥရောပတိုက်တွင် အရှိန်အဟုန်ပြင်းထန်စွာဖြင့် ကူးစက်ပြန့်နှံ့လာနေကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်-ရုရှား မဟာဗျူဟာ တည်ငြိမ်ရေး တစ်ရက်ကြာ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့သည်။ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkovနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman တို့က နှစ်နိုင်ငံ...
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် မသေချာမှုရှိနေသော်ငြားလည်း အားကောင်းသော စီးပွားရေး ကြံ့ကြံ့ခံနိုင်ခြင်းနှင့်အတူ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် မျှော်လင့်ချက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၌ ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျမှုတွင် လေယာဉ်မှူးအား အသက်သေဆုံးလျက် ရှာဖွေတွေ့ရှိကြောင်း Yonhap သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။