တိုကျို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဒေသခံများအားလုံးကို COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းဖြင့် အနာဂတ်တွင် လူသေဆုံးမှုအရေအတွက်နှင့် ရောဂါလက္ခဏာပြင်းထန်သူများနှင့် ဆေးရုံတက်ရန် လိုအပ်မှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ယင်းကိစ္စနှင့်စပ်လျဉ်းသည့် သတင်းရင်းမြစ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
သဟိတ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) က ၎င်း၏ ရှေ့နေချုပ် နှင့် ရုံးအဖွဲ့ဝင်တစ်ဦးအား အမေရိကန်အစိုးရက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာ ၂ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ အတွက် စက်တင်ဘာလ မှ စ၍ Online မှတဆင့် MPU Card ၊ Visa Card ၊ Master Card ၊ JCB Card...
ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး အောင်မြင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့သည် စက်တင်ဘာ ၃ ရက်က ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စက်တင်ဘာ ၃ ရက်မှစတင်၍ ပေကျင်းမြို့တော်နှင့် ကမ္ဘောဒီးယား၊ ဂရိ၊ ဒိန်းမတ်၊ ထိုင်း၊ ဩစတြီးယားနှင့် ကနေဒါ စသည့်နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ဖြည်းဖြည်းချင်း ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။