အော့တဝါ ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ၏ အဓိကမြို့ကြီးဖြစ်သည့် အော့တဝါမြို့၌ ကုန်တင်ယာဉ်မောင်းများ၏ ၉ ရက်ကြာ ဆန္ဒပြပွဲအား ထိန်းသိမ်းဆောင်ရွက်ရန် အော့တဝါမြို့တော်ဝန်က ဖေဖော်ဝါရီ ၆ ရက်တွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၆ ရက်က ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် (၂)ထံသို့ ၎င်း နန်းတက်သည့်နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသဝဏ်လွှာပေးပိုခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့အကြား ဖေဖော်ဝါရီ ၄ ရက်တွင် ဆွေးနွေးမှုများသည် အလွန်အောင်မြင်ခဲ့ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Le Yucheng က မီဒီယာများအား ပြောကြားခဲ့သည်။
လန်ကျိုး ၊ ဖေဖော်ဝါရီ (၆) ရက် (ဆင်ဟွာ) ရင်သပ်ရှုမောဖွယ်ကောင်းသည် ! တရုတ်နိင်ငံ၊ ကန်းစုပြည်နယ်တွင် မှန်ချပ်ပေါင်း ၁၂,၀၀၀ဖြင့် တည်ဆောက်ခဲ့သည့် ဓာတ်အားပေးစက်ရုံတစ်ခုက တရုတ်နိုင်ငံအိမ်ရှင်အဖြစ် ကျင်းပသည့် ဆောင်းရာသီအားကစားပြိုင်ပွဲအား အားပေးထောက်ခံမှုကို ပြသသည့်အနေဖြင့် အိုလံပစ်ကွင်းအဝိုင်းများကို ပုံဖော်ပြသခဲ့သည်။ တရုတ်နိုင်ငံ၊ ကန်းစုပြည်နယ်ရှိ အထူးမှန်များဖြင့် တည်ဆောက်ထားသော ဓာတ်အားပေးစက်ရုံက...
YANQING ၊ ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ယနေ့ ဖေဖော်ဝါရီ ၆ ရက်( တနင်္ဂနွေနေ့)တွင် ကျင်းပရန်ရှိသည့် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ အမျိုးသားတောင်စောင်းနှင်းလျှောစီးပြိုင်ပွဲကို ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။