ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ မီတာ ၂၀၀၀ အသင်းလိုက်လက်ဆင့်ကမ်း စကိတ်စီးပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းက နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံရေးခေါင်းဆောင်များက “Bird’s Nest”ဟု လူသိများသည့် အမျိုးသားအားကစားရုံ၌ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ကျင်းခဲ့သည့် ၂၄ ကြိမ်မြောက် အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ချီးကျူးခဲ့ကြကြောင်း သိရသည်။
လန်ကျိုး ၊ ဖေဖော်ဝါရီ (၆) ရက် (ဆင်ဟွာ) ရင်သပ်ရှုမောဖွယ်ကောင်းသည် ! တရုတ်နိင်ငံ၊ ကန်းစုပြည်နယ်တွင် မှန်ချပ်ပေါင်း ၁၂,၀၀၀ဖြင့် တည်ဆောက်ခဲ့သည့် ဓာတ်အားပေးစက်ရုံတစ်ခုက တရုတ်နိုင်ငံအိမ်ရှင်အဖြစ် ကျင်းပသည့် ဆောင်းရာသီအားကစားပြိုင်ပွဲအား အားပေးထောက်ခံမှုကို ပြသသည့်အနေဖြင့် အိုလံပစ်ကွင်းအဝိုင်းများကို ပုံဖော်ပြသခဲ့သည်။ တရုတ်နိုင်ငံ၊ ကန်းစုပြည်နယ်ရှိ အထူးမှန်များဖြင့် တည်ဆောက်ထားသော ဓာတ်အားပေးစက်ရုံက...
ဘန်ကောက် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရထားစက်ခေါင်းထုတ်လုပ်ရေး (CRRC) Qishuyan Co. Ltd ကုမ္ပဏီမှ တပ်ဆင်ထုတ်လုပ်သည့် ရထားစက်ခေါင်းများ ပထမအသုတ်ကို ထိုင်းနိုင်ငံ၏ ရထားသယ်ယူ ပို့ဆောင်ရေးအဆင့်မြှင့်တင်ရန်အတွက် ထိုင်းရထားပို့ဆောင်ရေးအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပါရီ ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ နှင့် ပါရီ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲများကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တင်ဆက်ကပြသည့် အထူးယဉ်ကျေးမှုဖျော်ဖြေပွဲအစီအစဉ်တစ်ခု၏ မြင်ကွင်းပုံရိပ်များကို တရုတ်လပြက္ခဒိန် (ကျားနှစ်) ၏ ပထမဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၁ ရက်တွင် ပြင်သစ်နိုင်ငံ၏ TV5 Monde...