ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) မာန်အောင်ကျွန်း နှင့် ကိုကိုးကျွန်း ဒေသများအား ဆိုလာဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရေးကို စီမံကိန်းများချမှတ် ဆောင်ရွက်လျက် ရှိကြောင်း အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင် ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
ဂျကာတာ ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသမ္မတဂျိုကိုဝီဒိုဒိုက နိုင်ငံ၏မြို့တော်သစ်ကို အရှေ့ကာလီမန်တန်(East Kalimantan) ရှိ နယ်မြေ ၂ ခုတွင် တည်ဆောက်မည်ဟု သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒကျင့်သုံးမှုနှင့်အတူ အလေးထားလုပ်ဆောင်ရန် မဟာဗျူဟာမြောက်အရွေ့တစ်ခုအဖြစ် လွတ်လပ်သောကုန်သွယ်မှု (FTZ) ရှေ့ပြေးဇုန်သစ် ၆ ခုအတွက် မာစတာပလန် (အထူးအစီအစဉ်) တစ်ခုအား သြဂုတ် ၂၆ ရက်တွင် ကြေညာလိုက်သည်။
တိုကျို၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ် တက်နေစဉ် ပြုတ်ကျလာသည့်ကျောက်တုံးများ ထိမိရာမှ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံမီဒီယာနှင့် ရဲတပ်ဖွဲ့က သြဂုတ်လ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ငွေကျပ် ၃၃၈,၄၀၀,၀၀၀တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၆၉,၂၀၀ ပြား ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။