ရန်ကုန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) COVID-19 ထိန်းချုပ်မှု အားကောင်းလာပြီ ဖြစ်သည့်အတွက်ကြောင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်၊ ဖွင့်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင်...
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် ၉ ခုရှိ မြို့နယ် (၄၆)မြို့နယ်မှ အပ ကျန်မြို့နယ်များရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်း အားလုံးကို နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက် ၌ သတင်းထုတ်ပြန်ခဲ့သည်။...
ကျိနန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းဆန်းတုန်းပြည်နယ်ချင်းသောင်မြို့တွင် တရုတ်နိုင်ငံ၏ပထမဆုံး အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများဖြင့် ဆောက်လုပ်မည့်မြေအောက်ရထားဘူတာ ကိုအောက်တိုဘာ ၂၉ ရက်တွင်တပ်ဆင်ခဲ့သည်။ ဘူတာ၏ အဓိက ကိုယ်ထည်ပိုင်း ၊ယက်မများ၊အုပ်ညှပ်များနှင့် ထောက်တိုင်များ အားလုံးကို အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများထုတ်လုပ်ကာတည်ဆောက်သည့်နည်းပညာဖြင့်ဆောက်လုပ်ခြင်းဖြစ်ရာ အချိန်ကုန်သက်သာစေပြီး လုပ်သားအင်အားနှင့်ဆောက်လုပ်ရေးသုံးကိရိယာများကိုချွေတာနိုင်ခဲ့သည်။ ချင်းသောင် မြေအောက်ရထားလမ်းအမှတ် ၆ မှ...
ဟူးဟောက်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာသုံး ဟိုက်ဘရစ် ရထားစက်ခေါင်း ဖြင့် ကျောက်မီးသွေးသယ်ယူပို့ဆောင်မှုကို အတွင်းမွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်း ၌ အောက်တိုဘာ ၂၉ ရက် တွင်စမ်းသပ်ပြေးဆွဲမောင်းနှင်ခဲ့ကြောင်းသိရသည်။ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားစက်ခေါင်းထုတ်လုပ်ရေးစီမံကိန်းကို ပြည်နယ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (SPIC) ၏ အတွင်းမွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ နှင့်...
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံရဲတပ်ဖွဲ့က ယမကာအတုပြုလုပ်ရာတွင်အသုံးပြုသည့် အီသိုင်းအယ်လ်ကိုဟော ၁၂,၀၀၀ လီတာနှင့် သံသယရှိသူနှစ်ဦးကို အစ္စတန်ဘူလ်မြို့၌ အောက်တိုဘာ ၃၀ ရက်တွင်ဖမ်းဆီးခဲ့သည်။ Kucukcekmece ခရိုင် ၌ လူနှစ်ဦးသည် ပစ္စည်းများအား ဈေးကွက်တင်ရန်ပြင်ဆင်နေသည်ဟူသော သတင်းပေးပို့ချက်ရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ဂိုထောင်တစ်ခုအတွင်းသို့ ရှာဖွေစစ်ဆေးမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံပိုင် Anadolu သတင်းဌာနကထုတ်ပြန်သည်။...