Connect with us

Media

အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်သည့် နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ အ.ထ.က ၂ (စမ်းချောင်း)၏ ကျောင်းတက်ပုံ မြင်ကွင်းများ

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ် ၉ ခုရှိ မြို့နယ် (၄၆)မြို့နယ်မှ အပ ကျန်မြို့နယ်များရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်း အားလုံးကို နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက် ၌ သတင်းထုတ်ပြန်ခဲ့သည်။

သို့ပါ၍ ယနေ့နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ဖွင့်လှစ်ထားသော စာသင်ကျောင်းများအနက် စမ်းချောင်းမြို့နယ်ရှိ  အခြေခံပညာဦးစီးဌာန၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သို့ ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်ပုံမြင်ကွင်းများကို ဆင်ဟွာသတင်းဌာနမှ ရိုက်ကူး တင်ဆက် ထားခြင်းဖြစ်ပါသည်။ (Xinhua)