နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရေကြီးရေလျှံမှုဒဏ်ခံစားရသော အက်ထရာခန်ပြည်နယ်တွင် သေဆုံးသူ အရေအတွက်မှာ ၃၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami က ရေလွှမ်းမိုးသောဧရိယာအား ဝေဟင်မှစစ်တမ်းကောက်ယူပြီးနောက် အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ကူမင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ ၁၁၀ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို အောက်တိုဘာ ၁၉ ရက်က စတင်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနမှ သိရသည်။ ယင်းနေ့ နံနက် ၉ နာရီတွင် ကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် တရုတ်နိုင်ငံ၏...
လန်ဒန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) အင်္ဂလိပ်ပရီးမီးယားလိဂ်က ၎င်းတို့၏ ကစားသမား ၆၈ ရာခိုင်နှုန်းသည် COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် အတည်ပြုခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ဆောင်းရာသီကာလအတွင်းမှာ လာနီညာရာသီဥတုဖြစ်နိုင်ခြေအား တွေ့ရှိရ ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၌ ယခုနှစ် ဆောင်းရာသီသည် ပုံမှန်အအေးနှင့် ဆောင်းမိုးပိုနိုင်မည်ဟု သုံးသပ်ရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထက်မြန်မာပြည်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက...
ပြုံယမ်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ သည် ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် (SLBM) အမျိုးအစားသစ်ကို အောက်တိုဘာ ၁၉ ရက်က အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း Korean Central သတင်းဌာနက အောက်တိုဘာ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။