ပေကျင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ထိုင်ဝမ်သည် ကုလသမဂ္ဂထံ ဝင်ရောက်ရန် အရည်အချင်းပြည့်မီမှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း၌ အောက်တိုဘာ ၁၂ ရက်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ချောက်ကမ်းပါးတစ်ခုပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိကြောင်း ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ဘဏ်များနှင့် ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများအားတရုတ်ယွမ်ငွေကို ဝယ်ယူရောင်းချခွင့်ပြုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
အေဒင်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် အေဒင်မြို့တွင်ပြီးခဲ့သည့်တနင်္ဂနွေနေ့၌ ယီမင်နိုင်ငံအစိုးရထိပ်သီးအရာရှိများ၏ ယာဉ်တန်းအား ပစ်မှတ်ထားကာ ကားဗုံးခွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအရာရှိတစ်ဦးကဆင်ဟွာသို့ပြောကြားခဲ့သည်။ “အေဒင်ခရိုင်တာဝါဟီမြို့တွင် အစိုးရအရာရှိကြီးတွေလိုက်ပါစီးနင်းလာတဲ့ ယာဉ်တန်းကိုပစ်မှတ်ထားကာ ချိန်ကိုက်ဗုံးတပ်ဆင်ထားတဲ့ ကားဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်” ဟု အမည်မဖော်လိုသည့်ဒေသခံလုံခြုံရေးတစ်ဦးကဆိုသည်။ ယင်းကားဗုံးတိုက်ခိုက်မှုသည် အေဒင်အုပ်ချုပ်ရေးမှူးအာမက်လမ်လက်စ်နှင့် အခြားသောဆော်ဒီကျောထောက်နောက်ခံပြုထားသည့် ယီမင်အစိုးရအရာရှိများ၏ ယာဉ်တန်းများကိုပစ်မှတ်ထားခြင်းဖြစ်ကြောင်းသူကဆိုသည်။ ဒေသခံအာဏာပိုင်များ၏ အဆိုအရ...
=ပေကျင်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးအစီအမံ ၃ ခုကိုပြည့်မီကျော် လွန်ခဲ့ပြီး တစ်ကမ္ဘာလုံး အပြည့်အဝ အကောင်အထည်မဖော်ဆောင်နိုင်သေးသည့် ဦးတည်ချက် ၁၃ ချက်ကို ပြည့်မီရန်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့၏ ဦးတည်ချက်များသည် သဘာဝတရားကြီးပင်ဖြစ်သည်။ (Xinhua) …………………… (English Version) GLOBALink...