Connect with us

Politics, Law & Military

တရုတ်ယွမ်အား ဝယ်ယူရောင်းချခွင့်ပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ဘဏ်များနှင့် ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများအားတရုတ်ယွမ်ငွေကို ဝယ်ယူရောင်းချခွင့်ပြုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ထို့အတူ ဝယ်ယူရောင်းချခွင့်ပြုသည့် နိုင်ငံခြားငွေများတွင် တရုတ်ယွမ်အပြင် ဂျပန်ယန်းငွေကိုပါ ဝယ်ယူရောင်းချခွင့်ပြုကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ဘဏ်များနှင့် ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများ အား မူလဝယ်ယူရောင်းချခွင့်ပြုထားသည့် အမေရိကန်ဒေါ်လာ ၊ ယူရို ၊ စင်္ကာပူဒေါ်လာ ၊ ထိုင်းဘတ် နှင့် မလေးရှားရင်းဂစ် နိုင်ငံခြားငွေ ၅ မျိုးအပြင် ယခုအခါ တရုတ်ယွမ်နှင့် ဂျပန်ယန်း တို့ကိုပါ ဝယ်ယူရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer – AD) လိုင်စင်ရဘဏ်များတွင် တရုတ်ယွမ် (Chinese Yuan – RMB) နှင့် ဂျပန်ယန်း (Japanese Yen) တို့ အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ (Settlement Currencies) ဆောင်ရွက်ခွင့်ပြုကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက်တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။ (Xinhua)