ဝါရှင်တန်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) Pfize ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ကို အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)က စက်တင်ဘာ ၂၂ ရက်တွင် ပြင်ဆင်ခဲ့ရာ သက်ကြီးရွယ်အိုနှင့်ကူးစက်မှုအန္တရာယ်များလူအုပ်စုများအား Pfizeကိုဗစ်ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံပြီး အနည်းဆုံး ၆ လကြာတွင် အားဖြည့်ကာကွယ်ဆေးထပ်ထိုးရန် ခွင့်ပြု ခဲ့သည်။
ကူမင်း ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) တရုတ် ၊ လာအို ၊ မြန်မာ နှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်မှု အစီအစဉ်ကို စက်တင်ဘာ ၂၁ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်ရှိ Cumbre Vieja မီးတောင်ပေါက်ကွဲမှုမှာ ၂၄ ရက်မှ ၈၄ ရက်ကြား ကြာရှည်နိုင်မည်ဟု ခန့်မှန်းထားကြောင်း Canary ကျွန်းများဆိုင်ရာ မီးတောင်ဗေဒအင်စတီကျု (INVOLCAN) က စက်တင်ဘာ...
ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဂျူး နှင့် အာရပ် အမျိုးသမီးများသည် စက်တင်ဘာ ၂၂ ရက်တွင် ဂျေရုဆလမ်မြို့၌ စုဝေးကြပြီး အစ္စရေး နှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ စက်တင်ဘာ ၂၂ရက်(ဆင်ဟွာ) စပိန်နိုင်ငံ၏ ခရီးသွားအပန်းဖြေနေရာ La Palmaကျွန်းတွင် Cumbre Vieja မီးတောင်ပေါက်ကွဲမှုကြောင့် လူနေရပ်ကွက်ထဲ ချော်ရည်များစီးဝင်လာပြီး ကမ်းခြေဘက်သို့ ဦးတည်စီးဆင်းသွားပုံမြင်ကွင်းများကို Drone ဖြင့်ရိုက်ကူးထားခြင်းဖြစ်သည်။ ချော်ရည်အမြောက်အမြားသည်ရေကူးကန်ထဲ စီးကျလာပြီးရေများပွက်ပွက်ဆူနေခဲ့သည်။ မီးတောင်ပေါက်ကွဲမှုမှာ ဆက်လက်ဖြစ်ပွားနေပြီး ယင်းဒေသတဝိုက်တွင် မီးခိုးများ၊ပြာများလွင့်ထွက်နေသလို အဆက်မပြတ်မီးလောင်မှုကြောင့် ဒေသခံများ အား ဘေးလွတ်ရာသို့...