ဟောင်ကောင် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်ဒေသခံ သုံးသိန်းကျော်သည် ဇူလိုင် ၂ဝ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်မှုဆန့်ကျင်ကြောင်း နှင့် ရဲတပ်ဖွဲ့အား ထောက်ခံကြောင်း စုရုံးဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ချီကာဂို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်း အသီးသီး၌ နေရပ်စွန့်ခွာသူ ၂၂,၀၀၀ခန့်ရှိပြီး ယင်းတို့ကို အစိုးရအနေဖြင့် စိစစ်ထောက်ပံ့နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုးမောက်မြို့တွင် ဇူလိုင် ၁၉ ရက်က ကျပ် သိန်း ၁၅၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယိုဒီဂျနေရိုး၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ၁၉၆၇ ခုနှစ်မှစ၍ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။