ပေကျင်း၊အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က ၁၅ ကြိမ်မြောက် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဖရန့် ၏ ခေါင်းဆောင်များညီလာခံသို့ ပေကျင်းမှတစ်ဆင့် ရုပ်သံလင့်ခ်ဖြင့် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ကြရန်၊ အများနှင့်သဘောတူညီမှုတည်ဆောက်ရန်နှင့် ကမ္ဘာကြီးပေါ်ရှိသက်ရှိများအားလုံးအတွက် အသိုက်အဝန်းတစ်ခုကို အားသွန်ခွန်စိုက်ကြိုးပမ်းတည်ဆောက်ကြရန်တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua) ……………………….. (English Version) GLOBALink |...
ပေကျင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဝမ်းယန်(Wang Yang) သည် ကမ္ဘောဒီးယားနိုင်ငံ ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Samdech Say Chhum နှင့် အောက်တိုဘာ ၁၂ ရက်တွင် ရုပ်သံလင့်ခ်မှတစ်ဆင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်ကိုယ်စားလှယ်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုအပြီး တာလီဘန်တို့က အောက်တိုဘာ ၁၂ ရက်တွင် ဥရောပသမဂ္ဂကိုယ်စားလှယ်များနှင့် ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ထိုင်ဝမ်သည် ကုလသမဂ္ဂထံ ဝင်ရောက်ရန် အရည်အချင်းပြည့်မီမှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း၌ အောက်တိုဘာ ၁၂ ရက်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ချောက်ကမ်းပါးတစ်ခုပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိကြောင်း ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။