Connect with us

Media

တရုတ်-ရုရှား သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံအတွက် သဘာဝဓါတ်ငွေ့ ကုဗမီတာ ၁၀ဘီလီယံ ပေးပို့ထား

ဟာအယ်ပင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်-ရုရှားအရှေ့ပိုင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓါတ်ငွေ့ ကုဗမီတာပေါင်း ၁၀ ဘီလီယံကျော်အား တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း အကောက်ခွန်လုပ်ငန်း တာဝန်ရှိသူများက မကြာသေးမီတွင် ပြောကြားခဲ့သည်။
တရုတ်-ရုရှားအရှေ့ပိုင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ရုရှားနိုင်ငံဘက်ခြမ်းတွင် ကီလိုမီတာ ၃,၀၀၀ ကျော် နှင့် တရုတ်နိုင်ငံဘက်ခြမ်းတွင် ၅,၁၁၁ ကီလိုမီတာကို ချိတ်ဆက်သွယ်တန်းထားပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် တရားဝင်စတင်လည်ပတ်ခဲ့သည်။
အဆိုပါပိုက်လိုင်းမှ သဘာဝ ဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ နယ်စပ်မြို့ Heihe မှတစ်ဆင့် ပြည်နယ်အဆင့်ဒေသပေါင်း ၉ ခုကို ဖြတ်သန်းပို့ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းကွန်ရက်များနှင့်ချိတ်ဆက်ပို့လွှတ်ခြင်းဖြစ်သည်။
တရုတ်ရေနံနှင့်သဘာဝဓါတ်ငွေ့ကွန်ရက်ကော်ပိုရေးရှင်း ဟာအယ်ပင်းလုပ်ငန်းခွဲမှ အင်ဂျင်နီယာ Yang Zheng က “တရုတ်-ရုရှားအရှေ့ပိုင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ နည်းပညာမြင့်မားတဲ့ အလိုအလျောက်စနစ် ကို တပ်ဆင်ထားပါတယ် ၊ လုပ်ငန်းညွှန်ကြားချက်အများစုကိုလည်း Heihe ကထိန်းချုပ်ခန်း၊ ဟာအယ်ပင်းက အော်ပရေးရှင်းစင်တာနဲ့ ပေကျင်းက အဖွဲ့ရုံးချုပ်တွေဆီ အဝေးထိန်းစနစ်နဲ့ပို့လွှတ်နိုင်ပါတယ်၊ လုပ်ငန်းမှာ လုပ်ကိုင်နေရတဲ့ဝန်ထမ်းတွေရဲ့ အဓိက လုပ်ဆောင်ရတာတွေကတော့ ပိုက်လိုင်းတစ်လျှောက် ပို့လွှတ်မှုလုပ်ငန်းစဉ်တွေနဲ့ သဘာဝဓါတ်ငွေ့လွှဲပြောင်းရေးစနစ်အချက်ပြစနစ်တွေကို စစ်ဆေးရတာပဲဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)
…………………………………
(English Version)

GLOBALink | Russia pipeline supplies 10 bln cubic meters of natural gas to China
HARBIN, Aug. 15 (Xinhua) –China has imported over 10 billion cubic meters of natural gas via the China-Russia east-route natural gas pipeline since its operation in 2019, customs authorities said recently. #GLOBALink

Produced by Xinhua Global Service