ချန်းလီ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ဟဲပေပြည်နယ် ချန်းလီခရိုင်ရှိ လွမ်ဟော်မြစ်ဝ လေအားလျှပ်စစ်စီမံကိန်း ဒုတိယကာလ လုပ်ငန်းစဉ်များ စတင်ပြီဖြစ်ရာ ပန်ကာဒလက်များ စတင်တပ်ဆင်၍ ဆိုင်းကြိုးသွယ်မှုများ ပြုလုပ်လျက်ရှိသည်။
ဘာလင်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ North Rhine-Westphalia ပြည်နယ် Güterslohခရိုင်ရှိ အသားထုတ်စက်ရုံတစ်ခုတွင် ယခုရက်ပိုင်းအများအတွင်း ကိုရိုနာဗိုင်းရပ်စ် အစုလိုက် အပြုံလိုက် ကူးစက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ၎င်း၏ ဇနီး တို့သည် ကိုရိုနာဗိုင်းရပ်စ်တစ်ကျော့ပြန် ဦးမော့လာနေချိန်အတွင်းမှာပင် ဇွန် ၂၀ ရက် ညနေပိုင်းက အော့ကလန်ဟိုးမားပြည်နယ် တူလ်ဆာမြို့(Tulsa) ၌ ပြုလုပ်သည့် လူထုထောက်ခံပွဲတစ်ခုသို့ အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှင်းကျန်း ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယခု ၂၀၂၀ ပြည့်နှစ် ပထမ ငါးလတွင် အခြားဒေသများသို့ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃၅ ဘီလီယံ ပေးပို့ခဲ့ပြီး ယခင်နှစ်ထက် ၄၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံတော် ဓာတ်အားလိုင်း...