Connect with us

Media

တရုတ်နိုင်ငံ တွင် ဒေသခံများအား ကွာရန်တင်းထားရှိရာနေရာသို့ မောင်းသူမဲ့ပစ္စည်းပို့ယာဉ်ဖြင့် ပစ္စည်းပို့ပေး

ချိန်တူး၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အနောက်တောင်ဘက် ချိန်တူးမြို့တွင် COVID-19 ကူးစက်ခံရမှု အတန်အသင့်ဖြစ်ပွားခဲ့ရာ ထိုဒေသတွင်နေထိုင်သည့် ဒေသခံ ၃,၀၀၀ ခန့်ကို ၎င်းတို့ နေအိမ်များ၌ သီးခြားနေထိုင်မှု ကွာရန်တင်းထားရှိရာ လိုအပ်သည့် နေ့စဉ်သုံးပစ္စည်းများအတွက် မောင်းသူမဲ့ပစ္စည်းပို့ယာဉ်တစ်စင်းဖြင့် လှည့်လည်ပို့ဆောင်ပေးနေကြောင်း သိရသည်။

ချိန်တူးမြို့အတွင်း၌ ပြည်တွင်းကူးစက်ခံရသူ ၅ ဦးနှင့် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူတစ်ဦး ကိုမကြာသေးမီက တွေ့ရှိခဲ့ရာ နောက်ထပ် ကူးစက်မှုများ ထပ်မံပျံ့နှံ့မှုမရှိစေရန်ထိန်းချုပ်သော အားဖြင့် ကူးစက်ခံရနိုင်ခြေမြင့်မားသောဒေသများနှင့် အတန်အသင့်ကူးစက်နိုင်ခြေရှိသောဒေသများအား သီးခြားစောင့်ကြည့်လျက်ရှိသည်။
မောင်းသူမဲ့ ပစ္စည်းပို့ယာဉ်မှာ အလေးချိန် ၁၅၀ ကီလိုဂရမ်ခန့်ကို သယ်ဆောင်နိုင်ပြီး ဆန်၊ ဂျုံ၊ ဆီ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားနေ့စဉ်သုံးပစ္စည်းများအား သယ်ဆောင်ပေးနိုင်ကြောင်း သိရသည်။

ပစ္စည်းပို့ဆောင်ပြီးပါက မောင်းသူမဲ့ယာဉ်ကို လုပ်သားများက ပိုးသတ်ဆေးဖြန်းခြင်း လုပ်ဆောင်ရသည်။ မောင်းသူမဲ့ယာဉ်ကို လျှပ်စစ်ဓါတ်အားတစ်ကြိမ်သွင်းပြီးပါက ၂ ရက် အားဖြည့်စရာမလိုဘဲ မောင်းနှင်အသုံးပြုနိုင်သည်ဟုသိရသည်။ (Xinhua)
……………………………
(English Version)
GLOBALink | Unmanned delivery vehicle providing supplies to quarantined residents of China’s Chengdu
CHENGDU, Aug. 4 (XINHUA) — An unmanned delivery vehicle is being used to provide daily necessities to around 3,000 residents under home quarantine in a medium-risk COVID-19 area of the southwestern Chinese city of Chengdu, Sichuan Province.

Five local cases and one asymptomatic infection have been confirmed recently in the city, with medium and high-risk areas placed under isolation to curb the spread of further cases.

The vehicle, which can carry up to 150 kilograms, is being used to deliver rice, flour, oil, fruit, vegetables and other daily supplies.
#GLOBALink

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.