Connect with us

Media

ပြိုင်ကားပုံဒီဇိုင်းထုတ်ထားသည့် ဂျက်အင်ဂျင်တပ် အပျော်စီးရေယာဉ်များ

ကိုင်ရို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံရှိ အပန်းဖြေမြို့ဖြစ်သည့် New Alamein မြို့တွင် ခရီးသွားများအား ဆွဲဆောင်ရန် အီဂျစ်နိုင်ငံသားလူငယ်တစ်ဦးနှင့် မိတ်ဆွေနှစ်ဦးတို့ ပူးပေါင်းကာ ပြိုင်ကားပုံဒီဇိုင်းထုတ်ထားသည့် ဂျက်အင်ဂျင်တပ် အပျော်စီးရေယာဉ်များအားတီထွင်ခဲ့ကြသည်။

ပြိုင်ကားပုံ ဂျက်အင်ဂျင်တပ် အပျော်စီးရေယာဉ်ထုတ်လုပ်ရေးစီမံကိန်းအားစတင်သူ Karim Amin က “ကျွန်တော် နိုင်ငံခြားမှာနေခဲ့တာဆိုတော့ ဒီလိုမျိုး ကားပုံစံ ဒီဇိုင်းထုတ်ပြီး အီဂျစ်ဈေးကွက်မှာတင်ရောင်းဖို့စဉ်းစားမိတာနဲ့ ဒီလုပ်ငန်းကိုစတင်ဖြစ်ပါတယ်” ဟု ဆင်ဟွာကိုပြောသည်။

အီဂျစ်နိုင်ငံသို့ပြန်လည်ရွှေ့ပြောင်းနေထိုင်ပြီးတစ်နှစ်ခန့်အကြာတွင် Amin သည် အဆိုပါစီမံကိန်းအား ၎င်း၏ မိတ်ဆွေနှစ်ဦးနှင့်အတူ ပူးပေါင်းကာ လုပ်ဆောင်ဖြစ်ခဲ့သည်။ Amin က ဒီဇိုင်းဆွဲထားသည့် ယာဉ်ကိုထုတ်လုပ်ခဲ့ပြီး ရက်သတ္တပတ် ၃ ပတ်ကြာကြိုးစားလုပ်ဆောင်ကြပြီးနောက် ၎င်းတို့ ၏ ပထမဆုံး ပြိုင်ကားပုံဒီဇိုင်းထုတ်ထားသည့် ဂျက်အင်ဂျင်တပ် အပျော်စီးရေယာဉ်တစ်စင်းကိုအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။

စီမံကိန်းအား ပူးတွဲလုပ်ဆောင်သူ Ashraf Al-sayed Ali က “ကျွန်တော်တို့သုံးထားတဲ့ ကိရိယာအစိတ်အပိုင်းတွေအကုန်လုံးဟာ အီဂျစ်နိုင်ငံထုတ်ပစ္စည်းအစိတ်အပိုင်းတွေပါပဲ၊ အင်ဂျင်တစ်ခုကိုပဲ ဂျပန်နိုင်ငံက ထုတ်ထားတဲ့ အင်ဂျင်ကိုသုံးထားတာပါ။ ကျွန်တော်တို့ ပုံစံများစွာကို ဒီဇိုင်းထုတ်ပြီး တည်ဆောက်ခဲ့ပြီးပါပြီ၊ လောလောဆယ်တော့ ပြိုင်ကားပုံဒီဇိုင်းထုတ်ထားသည့် ဂျက်အင်ဂျင်တပ် အပျော်စီးရေယာဉ် နှစ်စင်းကို ခရီးသွားဧည့်သည်တွေ အပျော်စီးနင်းနိုင်ဖို့ ငှားထားပါတယ်” ဟုဆိုသည်။

Amin က ယာဉ်များ၌ လျှပ်စစ်အင်ဂျင်များကိုတပ်ဆင်ရန်ကြိုးပမ်းလျက်ရှိပြီး စီမံကိန်းတစ်ခုလုံး ၁၀၀ ရာခိုင်နှုန်း အီဂျစ်နိုင်ငံထုတ်အစိတ်အပိုင်းများသာတပ်ဆင်လိုကြောင်းဆိုသည်။

သူငယ်ချင်း ၃ ယောက်ပေါင်းကာ လက်ရှိတွင် ထိုကဲ့သို့ ဂျက်အင်ဂျင်တပ် အပျော်စီးရေယာဉ်ပေါင်း ၃၄ စင်းကိုထုတ်လုပ်ထားပြီးဖြစ်ကာ အမှာစာများထပ်မံရရှိပါက ဆက်လက်ထုတ်လုပ်သွားမည်ဟုသိရသည်။

“ကျွန်တော်တို့ကို အီဂျစ် နိုင်ငံက ဖောက်သည်တွေ အော်ဒါတွေလာအပ်ကြတာတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ အီဂျစ်နိုင်ငံတွင်းရော ပြည်ပမှာပါ ထိုးဖောက်သွားဖို့စီစဉ်ထားပါတယ် “ဟု Amin က ဆင်ဟွာကိုပြောသည်။

ပြိုင်ကားပုံ ဂျက်အင်ဂျင်တပ် အပျော်စီးရေယာဉ်များ၌ ဖိုင်ဘာကိုယ်ထည်ကိုအသုံးပြုထားသည်ဖြစ်ရာ မူလ အပျော်စီးရေယာဉ်များထက်ပိုမို လွယ်ကူစွာမောင်းနှင်နိုင်သည့်အပြင် တစ်နာရီလျှင် ကီလိုမီတာ ၇၀ အမြန်နှုန်းဖြင့်မောင်းနှင်ပြေးဆွဲနိုင်သည်။

“ကျွန်တော်တို့လက်ရှိမှာ ပုံစံများစွာကို ထုတ်လုပ်ထားပြီးပါပြီ နှစ်ယောက်စီးကားပုံစံတွေအပြင် ငါးယောက်စီး ကားပုံစံတွေအထိပါ ထုတ်လုပ်ထားပါတယ်။ ဂျက်အင်ဂျင်တပ်ကားတစ်စင်းရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၉,၀၀၀ ဒေါ်လာကနေ ၄၅,၀၀၀ ဒေါ်လာကြားရှိပါတယ်” ဟု သူကဆိုသည်။

လာရောက်လည်ပတ်သူ Mohammed Hamad က “ ကျွန်တော်များသောအားဖြင့် အားလပ်ရက်ကို အီဂျစ်မှာပဲ လာရောက်လည်ပတ်ဖြစ်ပါတယ်၊ ဒီမှာရတဲ့အတွေ့အကြုံအသစ်တွေကိုသိပ်ပြီးနှစ်သက်မိပါတယ်၊ ဒီ Jet Car က ပုံမှန် အပျော်စီးရေယာဉ်တွေထက် ပိုပျော်ဖို့ကောင်းပြီး ကျွန်တော်တို့တစ်မိသားစုလုံးလွယ်လွယ်ကူကူမောင်းနှင်နိုင်ပါတယ်၊လုံခြုံစိတ်ချရမှုလည်းရှိပါတယ်၊ ပုံမှန် အပျော်စီးယာဉ်အဖြစ်ပြန်ပြီးပြောင်းလို့လည်းရပါတယ်၊သူတို့ နိုင်ငံခြားကို ရောင်းပြီဆိုတာနဲ့ တစ်စင်းတော့ရ‌အောင်ဝယ်ဦးမယ်ဗျာ”ဟုဆိုသည်။ (Xinhua)

……………………………
(English Version)
GLOBALink | Car-shaped jet skis attract tourists in Egypt’s Mediterranean resort

CAIRO, Aug. 2 (Xinhua) — In Egypt’s Mediterranean tourist resort city of New Alamein, beachgoers now start to enjoy riding car-like jet skis which were designed and built by a young man and his two friends.

“I used to live abroad and I thought about designing the car and putting it up for sale in the Egyptian market,” Karim Amin, the project founder, told Xinhua.

After moving back to Egypt a year ago, Amin launched the project together with his friends, who had already tried manufacturing Amin’s vehicle, and succeeded in building their first jet ski after three weeks of hard work.

“All the components we use are made in Egypt … Only the engine is imported,” the 29-year-old said as he observed tourists riding his car-like jet skis.

Amin noted that he is also trying to build an electric engine to make the vehicle 100-percent made in Egypt.
The three friends have so far produced 34 jet skis of the kind, with more to be manufactured as many orders have arrived.
“I have received orders from Egyptian customers. We are considering marketing our products outside Egypt,” Amin told Xinhua.

The large fiberglass body of the vehicle makes it safer than common jet skis and easier to drive, Amin said, adding the top speed of the car-like jet ski is 70 km per hour.

“We have so far built several models, such as the two-seat model and the five-seat one. The prices of the jet car range between 19,000 U.S. dollars and 45,000 dollars,” he said.

Amin, who recently started an entertainment company in New Alamein, put up some of his jet cars for rent to offer tourists a taste of new adventure.

“Holidaymakers really enjoy riding the car, which helps revive the tourism sector that has badly hit by the spread of coronavirus pandemic,” Amin said.

Mohammed Hamad, a tourist from Qatar, tried the jet car and expressed hope that he can get one back to his country.
“I usually spend my holidays in Egypt and I really enjoyed the new experience,” the young man told Xinhua after he finished a 15-minute ride.

“The jet car is very safe and my family members drove it easily … I will definitely buy one when they start exporting them,” Hamad said excitedly.
In a recent interview with Xinhua, Chairman of Egypt’s Tourism Promotion Authority (TPA) Ahmed Youssef said the Egyptian tourism sector has recovered by 40 percent amid COVID-19 precautionary measures, expecting more recovery when more countries lift lockdowns and travel bans.

Tourism is one of the key sources of income for Egypt and accounts for about 12 percent of the country’s GDP. It brought a record high of 13 billion dollars in revenues in 2019 when more than 13 million tourists visited the North African country.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.