အန်တယ်လ်ရာ ၊ တူရကီ ၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အန်တယ်လ်ရာအပန်းဖြေမြို့(Antalya) အရှေ့ဘက်ရှိ Manavgat မြို့ငယ်အနီးတွင် စနေနေ့ကတည်းက တောမီးများ လောင်ကျွမ်းမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း တူရကီနိုင်ငံတစ်ဝှမ်းတွင် တောမီးလောင်ကျွမ်းမှု ၁၁၁ ခုဖြစ်ပွားခဲ့ရာ အများစုကို တနင်္ဂနွေနေ့အရောက်တွင် ငြိှမ်းသတ်ထားနိုင်ပြီဖြစ်ကြောင်း...
ပါရီ ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) ယခုရက်သတ္တပတ်အစောပိုင်းက ပြုလုပ်သည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ၏ ညီလာခံတွင် ပြင်သစ်နိုင်ငံ မြေထဲပင်လယ်မြို့တစ်မြို့ဖြစ်သော နိုက်မြို့(Nice) ကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ ကြောင်း သိရသည်။ “ မြစ်ကမ်းနံဘေး ဆောင်းရာသီအပန်းဖြေမြို့လေး”အဖြစ် တည်ရှိနေသော နိုက်မြို့လေးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်...
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ် ယနေ့ (သြဂုတ်လ ၁ရက်)၌ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ယင်းအိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောသည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(သြဂုတ် ၁ရက်)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်သည့် ပြောကြားသည့် မိန့်ခွန့်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ဂျေရုဆလင်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်မှုမြင့်မားလျက်ရှိသော အန္တရာယ်အား စိုးရိမ်သောကြောင့် အစ္စရေးနိုင်ငံက ၎င်း၏နိုင်ငံသားများအား ဗြိတိန်၊ ဂျော်ဂျီယာ၊ ဆိုက်ပရပ်စ်နှင့် တူရကီနိုင်ငံတို့သို့ ခရီးသွားခြင်းကို ဇူလိုင် ၃၀ ရက်မှစ၍ တားမြစ်လိုက်ကြောင်း အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစ္စရေးနိုင်ငံအနေဖြင့်...