ဂျကာတာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဆူမတြားပြည်နယ်၊ Padang Pariaman ခရိုင်ရှိ ခရိုင်ခွဲ ၁၀ ခု၌ မိုးလေဝသနှင့် ဆက်စပ်သည့် သဘာဝဘေးကြောင့် လူ လေးဦးသေဆုံးခဲ့ပြီး အခြားလူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက စက်တင်ဘာ ၃၀ ရက်တွင်ပြောသည်။
ဖနွမ်းပင် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ကွယ်လွန်သွားပြီဖြစ်သည့် ရှေးဟောင်းပစ္စည်းစုဆောင်းသူ Douglas Latchford ၏ မိသားစုက ပြန်လည် လွှဲပြောင်းပေးအပ်သော ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်း ၅ ခုသည် ဗြိတိန်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယားပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အောက်တိုဘာ ၁ ရက် တွင်ကျရောက်သော တရုတ်နိုင်ငံ၏အမျိုးသားနေ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပဲရစ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) သည် ၂၀၁၂ ခုနှစ်က ၎င်း၏ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးလှုံ့ဆော်မှုအတွင်း တရားမဝင်ငွေကြေးထောက်ပံ့မှုအတွက် အကျဉ်းထောင်တွင် ပြစ်ဒဏ်တစ်နှစ်ကျခံရန် အမိန့်ချမှတ်ခြင်းခံခဲ့ရကြောင်း ပဲရစ်မြို့ရှိ တရားရုံးက စက်တင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။
ဘန်ကောက် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ပြည်နယ်များ၏ ထက်ဝက်နီးပါးသည် တိုက်ဖွန်းမုန်တိုင်း Dianmu ကြောင့် ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ အကြီးအကျယ်ထိခိုက်ခဲ့ပြီး လူ ၇ ဦးထက်မနည်း သေဆုံးကာ ၁ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်ထိန်းချုပ်ရေး တာဝန်ရှိသူများက စက်တင်ဘာ...