ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ယနေ့မှစ၍ နေ့စဉ် ရွှေပိသာ ၂၀ ရောင်းချပေးလျက်ရှိကြောင်း၊ ရွှေဈေးနှုန်းတည်ငြိမ်ရေး အတွက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က ယနေ့ စက်တင်ဘာ ၃၀ ရက်တွင် ဆင်ဟွာသို့ပြောသည်။
ဗီယင်ကျန်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Power Construction Corporation of China (PowerChina) က တည်ဆောင်ထားသော Nam Ou River Cascade ရေအားလျှပ်စစ်စီမံကိန်း၏ စက်ရုံ ၇ ခုလုံး စွမ်းအင်လည်ပတ်မှု အပြည့်အဝ စတင်ဆောင်ရွက်ရေး အခမ်းအနားကို...
အော့တဝါ ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ၊ ဆဒ်ဘူရီ မြို့ Vale’ Totten သတ္တုမိုင်းတွင်းရှိ မြေအောက်၌ ပိတ်မိနေသည့် မိုင်းလုပ်သား ၃၉ ဦးလုံးအား ကယ်တင်နိုင်ခဲ့ကြောင်း CTV ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂၉ ရက်က ဖော်ပြချက်အရ သိရသည်။
ရာကျန်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကန်းကျဲ(တိဗက်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရာလုံကျန်းမြစ်ပေါ်ရှိ လျန်ဟဲခို ရေအားလျှပ်စစ်စီမံကိန်းသည် ဗုဒ္ဓဟူးနေ့တွင် ဓါတ်အားထုတ်လုပ်လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် ၃,၀၀၀ မီတာရှိသည့် ယင်းစီမံကိန်းသည် တရုတ်နိုင်ငံတွင် အမြင့်ဆုံးနေရာ၌ရှိသည့် ရေအားလျှပ်စစ်စက်ရုံများအနက် တစ်ခုဖြစ်သည်။
ကဘူးလ် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အသုတ်တစ်သုတ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရောက်ရှိလာခဲ့ပြီး အာဖဂန်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။