ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍမှ လုပ်ငန်းစုစုပေါင်း (၄)ခုအား မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၁,၀၄၇,၀၀၀ မှကျပ် ၁,၀၈၂,၀၀၀ အထိ တစ်လ အတွင်း ကျပ် ၃၅,၀၀၀ ခန့် တက်လာခဲ့ပြီး၊ လက်ရှိပေါက်ဈေးသည် ၂၀၁၉ ခုနှစ်အတွင်း အမြင့်ဆုံးရွှေဈေးဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆင်ဟွာကိုပြောသည်။
ဟနွိုင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ခန်ဟွာပြည်နယ်တွင် ဇွန်လ ၁၄ ရက်က ပျံသန်းမှုလေ့ကျင့်ခန်း ပြုလုပ်စဉ် စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန်၊ဇွန် ၁၄ ရက်(ဆင်ဟွာ) အမေရိကန်ကုမ္ပဏီနှင့်အဖွဲ့အစည်းများ စုစုပေါင်း ၆၆၁ ခုက လက်မှတ်ရေးထိုးထားခဲ့ကြသောစာတစ် စောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထံပေးပို့ခဲ့ကြရာတွင်အမေရိကန်အစိုးရအနေနှင့်တရုတ် နိုင်ငံအပေါ် ကုန်သွယ်စည်းကြပ်ခွန်များတိုးမြှင့်ခြင်းကိုရပ်ဆိုင်းရန်နှင့် တရုတ်အစိုးရနှင့်သဘောတူညီ ချက်တစ်ရပ်ရရှိနိုင်ရေးဆောင်ရွက်သွားရန် တိုက်တွန်းဖေါ်ပြထားကြောင်း အမေရိကန်ကုန်သွယ်စည်း ကြပ်ခွန်တိုးမြှင့်ခြင်းဆန့်ကျင်ရေးနိုင်ငံအဝန်းလှုပ်ရှားမှု အသင်းက ဇွန်လ ၁၃ ရက်ကပြောကြားခဲ့သည်။
ဂါဇာ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) အစ္စရေး နိုင်ငံ တောင်ပိုင်းသို့ဟားမတ်စ် အုပ်ချုပ်နေသည့် ဂါဇာ ကမ်းမြောင် ဒေသမှ ဒုံးကျည်ဖြင့် ပစ်ခတ်မှုအား လက်တုံ့ပြန်သည့် အနေဖြင့် အစ္စရေး စစ်ဂျက်လေယာဉ်များက ဂါဇာ ဒေသရှိ စစ်သွေးကြွများ၏ အဆောက် အအုံများအား ဇွန် ၁၄ ရက်...