ဝူးလူမုချီ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကြီးဆုံး သဲကန္တာရကြီးဖြစ်သည့် တာ့လီမခန်းသဲကန္တာရ တွင် တည်ဆောက်ထားသော လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်ကြီးများရှိရာသို့ သွားရောက်ကာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုမရှိစေရန်ဆောင်ရွက်ရသည့်လျှပ်စစ်ဝန်ထမ်းများအား ရိုက်ကူးထားသောရုပ်သံဖိုင်ဖြစ်ပါသည်။ လျှပ်စစ်ဓါတ်အားပေးလိုင်းများအား ထိန်းသိမ်းရေး ဆောင်ရွက်ရသည့်ပညာရှင်အဖွဲ့သည် အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်ခန့်ရှိသည့်နေရာတွင် ၃၃၁ ကီလိုမီတာ အကွာအဝေးအထိ လျှပ်စစ်ဓါတ်အားလိုင်းများ စစ်ဆေးရန်...
နိုင်ရိုဘီ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံသမ္မတ Uhuru Kenyatta က တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသည့် ကင်ညာနိုင်ငံအရှေ့ပိုင်း Makueni စီရင်စုရှိ Thwake ရေလှောင်တမံစီမံကိန်းတည်ဆောက်ပြီးစီးမှု အခြေအနေများအား ပြီးခဲ့သည့် သောကြာနေ့တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဘရပ်ဆဲလ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ဥရောပတိုက် တွင် ကန့်သတ်မှုများကို ဖြေလျှော့ပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်များ ပြန်လည်ခွင့်ပြုခဲ့ရာ ဒေသတွင်း ကူးစက်ရောဂါ အရေးပေါ် သက်ရောက်မှုများ များပြားစွာကြုံတွေ့နေရကြောင်း နှင့် အများစုမှာ ကိုရိုနာဗိုင်းရပ်စ် ၏ မျိုးစိတ်ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရမှုများဖြစ်ကြောင်း သိရသည်။
ကိုလံဘို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေး နောက်ထပ်တစ်သုတ် ထပ်မံ လက်ခံရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Uttar Pradesh ၊ Rajasthan နှင့် Madhya Pradesh ပြည်နယ်သုံးခု၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းစဉ် မိုးကြိုးပစ်ခံရသဖြင့် လူ ၇၀ နီးပါး သေဆုံးခဲ့ပြီး အခြားလူ အများအပြား...