Connect with us

Media

ဥ‌‌ရောပတိုက် တွင်ဒယ်လ်တာ ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှုများပြားလျက်ရှိ

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဥရောပတိုက် တွင် ကန့်သတ်မှုများကို ဖြေလျှော့ပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်များ ပြန်လည်ခွင့်ပြုခဲ့ရာ ဒေသတွင်း ကူးစက်ရောဂါ အရေးပေါ် သက်ရောက်မှုများ များပြားစွာကြုံတွေ့နေရကြောင်း နှင့်  အများစုမှာ ကိုရိုနာဗိုင်းရပ်စ် ၏ မျိုးစိတ်ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရမှုများဖြစ်ကြောင်း သိရသည်။WHO ၏ ဥ‌ရောပတိုက် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က” Alpha virus ကနေ Delta virus အဖြစ် ကို လျှင်မြန်စွာပဲ ပြောင်းလဲသွားပြီးတော့ ရောဂါခံစားရသူတွေ ထပ်မံ ဖြစ်ပေါ်မှုတွေ များသထက် များလာပါတယ်၊ သေဆုံးနှုန်းနှင့်ဆေးရုံတက်ရောက်ကုသခံယူမှုနှုန်းတွေပိုမိုများပြားလာတာဟာ Delta ဗိုင်းရပ်စ် ပိုမိုပျံ့ပွားလာတဲ့လက္ခဏာပဲဖြစ်ပါတယ်” ဟု ဆိုသည်။

Berkshire and Surrey Pathology ဌာန မှ ပိုးမွှားဗေဒ အတိုင်ပင်ခံပညာရှင် Stephen Winchester က “ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရမှုများဖြစ်လာတော့ အယ်လ်ဖာဗိုင်းရပ်စ်ကူးစက်မှုများနှင့် ယှဉ်လိုက်တဲ့အခါမှာ ကာကွယ်‌ဆေးကို တစ်ကြိမ်ပဲထိုးနှံရသေးတဲ့ အခါကျတော့ဆေးတွေရဲ့ ထိရောက်မှုက နည်းပါးလာခဲ့ပါတယ်၊ ဒါကြောင့် ကူးစက်မှုတွေထပ်ပြီး‌ပေါ်ထွက်လာတယ်ဆိုတာခင်ဗျားတို့သိလောက်မှာပါ၊ တဖြည်းဖြည်းနဲ့ နှစ်ကြိမ်ထိုးရတဲ့ကာကွယ်ဆေးကို လူတော်တော်များများထိုးလာနိုင်တဲ့အခါကျရင်တော့ ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရမှုလျော့သွားဖို့မျှော်လင့်ရတာပါပဲ။ ဒါကြောင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသွားရင်တော့အခုဖြစ်နေတဲ့အန္တရာယ်ကိုလျော့ပါးလာစေမှာဖြစ်သလို ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်းလည်းလျော့ကျသွားနိုင်ပါလိမ့်မယ်” ဟုဆိုသည်။

AglanJass Festival မှ ဆရာမ Eleonora Roussou က “ ကျွန်မတို့မှာ ကာကွယ်ဆေးထိုးပြီးပေမဲ့လို့  ဒီရောဂါပိုးကူးစက်မှုမခံရလေအောင်ပိုမို သတိထားနေထိုင်ဖို့လိုအပ်တာပါပဲ၊ ဘာလို့လည်းဆိုတော့ ကျွန်မတို့ထိုးထားတဲ့ ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ကို ခဏ ရပ်ထားတဲ့သဘောမျှသာ ဖြစ်လို့ပါပဲ ဗိုင်းရပ်စ် က ရှိတာတော့ရှိနေပါသေးတယ်။” ဟု ဆိုသည်။

လန်ဒန်မြို့တွင်နေထိုင်သူ Hichel Haque က “ ဒီဗိုင်းရပ်စ်ပြန်ဖြစ်လာတော့ ဒယ်လ်တာ ဗိုင်းရပ်စ်ဆိုပြီးပြန်ပေါ်လာတာ‌ပေါ့၊ ကျွန်တော် ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်ကတော့ အဓိက ပြဿနာဟာ လူတွေဟာ ဒီဗိုင်းရပ်စ်အကြောင်းကောင်းကောင်းနားလည်တဲ့အချိန်အထိ၊ ဒီဗိုင်းရပ်စ်ဟာ ဗီဇ တစ်ခုပြီးတစ်ခုကိုဆက်ပြီးပြောင်းသွားဦးမှာပါပဲ၊ ခင်ဗျားတို့ နှာခေါင်းစည်းတွေ အခုထိမတပ်ကြသေးဘူးဆိုရင်တော့ ဒီဗိုင်းရပ်စ်ဟာ ဘယ်တော့မှ ပျောက်ကွယ်သွားတော့မှာမဟုတ်ဘူးဆိုတာပါပဲ” ဟုဆိုသည်။

WHO ၏ ဥ‌ရောပတိုက် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က “ လှိုင်းအသစ်ကြောင့် ဆောင်းဦးရာသီမတိုင်မီ ဆေးရုံတက်နှုန်းနှင့်သေဆုံးနှုန်းတွေ တိုးပွားလာမယ့် အခြေအနေ ရှိပြီး ကျွန်တော်ပြောချင်တဲ့အချက် ၃ ချက်ရှိပါတယ်၊ အဲဒါကတော့ ကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့အခြေအနေအတိုင်း  အဖွဲ့အစည်းတစ်ခုလုံးကိုတိုးမြှင့် ထိုးပေးဖို့ လိုအပ်နေသေးတဲ့အခြေအနေရှိပါတယ်။ ကျွန်တော်တို့ ဒီအတိုင်း စည်းကမ်းပျက်နေဦးမယ်ဆိုရင် ဥ‌ရောပ ဒေသတွင်းမှာ လှိုင်းအသစ်တွေထပ်ရောက်လာနိုင်ပြီးတော့ စည်းကမ်းလိုက်နာမှု အားနည်းတဲ့နေရာတွေမှာ အခြေအနေပိုဆိုးလာနိုင်ပါတယ်၊ နောက်တစ်ချက်ကတော့ ကာကွယ်ဆေးထိုးနှံရာမှာ ကျွန်တော်တို့အလှည့်ရောက်တဲ့အခါ လုံးဝနှောင့်နှေးမနေဘဲ မဆိုင်းမတွ သွားရောက်ထိုးနှံကြဖို့ဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)

……………………………….

GLOBALink | Delta variant sweeps across Europe as restrictions ease

BRUSSELS, July 10 (Xinhua) — As restrictions are relaxed and cross-border travel picks up in Europe, health authorities have started to notice the emergence of troubling signs of an upsurge of COVID-19 cases across the region, mostly driven by the highly transmissible Delta variant of the virus.

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.