ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသတွင် စေတီပုထိုး ၁၂ ဆူ ဌာပနာ အဖောက်ခံရသည့်ကိစ္စရပ်အပေါ် ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ နှစ်စဉ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးသို့ တင်ပြသွားရမည့် အနေအထားရှိနေကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ...
ကာတာ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား လေတပ်မှ တိုက်လေယာဉ်တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Riau ပြည်နယ်၌ ယနေ့တွင် ပျက်ကျသွားခဲ့ကြောင်း ၊ သို့သော် ထိခိုက်သေဆုံးမှု မရှိကြောင်း အင်ဒိုနီးရှားလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမလေတပ်ဦးစီးချုပ် Fajar Adriyanto က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) COVID-19 ရောဂါ နှင့် ပတ်သက်၍ ဖြေလျှော့မှုများဆောင်ရွက်နေစဉ်အတွင်း ဇွန် ၁၆ ရက် မှစ၍ မြန်မာ့မီးရထား လမ်းပိုင်းတစ်ပိုင်းစီတွင် ရထားတစ်စင်းစီတိုးချဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၊ ခရီးသည်များကို social distancing (ခပ်ခွါခွါစီးနင်းစေသည့်ပုံစံ) ဖြင့် လက်မှတ်များရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်...
ဒါကာ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အကူအညီပေးနိုင်ရန် ရောက်ရှိနေသော တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက ၎င်းတို့၏ အတွေ့အကြုံများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့်အတူ မျှဝေခဲ့ကြောင်း သိရသည်။
ရာမာလာ၊ဇွန် ၁၅ ရက်(ဆင်ဟွာ) ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံဆေးပညာရှင်အဖွဲ့သည် ဇွန် ၁၄ ရက်က ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ ရာမာလာမြို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာဌာနများရှိ ဆေးပညာရှင်များနှင့်အတူ ဆွေးနွေးဖလှယ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။