Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ပြည်ပအနိုင်ကျင့်မှုကို ဆန့်ကျင်၍ တန်ပြန်အစီအမံများ ပြုလုပ်သွားမည်ဟု ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ Golden Bauhinia ရင်ပြင်အား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

မည်သည့်အနိုင်ကျင့်အရေးယူမှုမျိုးမဆို ပြင်းထန်သောတန်ပြန်အစီအမံများဖြင့် ကြုံတွေ့ရမည်ဟု တရုတ်နိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၂၄ ရက်တွင် ပြောကြားလိုက်သည်။အမေရိကန်နိုင်ငံမှ လူပုဂ္ဂိုလ် ၆ ဦး နှင့် အဖွဲ့ အစည်းတစ်ခုအပေါ် အပြန်အလှန်အရေးယူမှုများ ချမှတ်လိုက်သည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်အား ပြတ်ပြတ်သားသား ထောက်ခံကြောင်း နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင် နှင့် မကာအိုရေးရာရုံးအတွက် ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင် နှင့် ပတ်သက်သည့် ကိစ္စရပ်များအား အချက်အလက်များ လုပ်ကြံပြောဆိုခြင်း နှင့် ကောလာဟလများ ဖြန့်ဝေခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်နေကြောင်း နှင့် တရုတ်နိုင်ငံ၏ ပြည်ပအရေးယူပိတ်ဆို့မှု ဆန့်ကျင်တိုက်ဖျက်ရေးဥပဒေအရ တာဝန်ခံမှု နှင့်အရေးယူ အပြစ်ပေးမှုများ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အခြားမည်သည့်နိုင်ငံမှ လူပုဂ္ဂိုလ်များအပေါ် အနိုင်ကျင့်ခြင်း ၊ ဖိနှိပ်ခြင်း သို့မဟုတ် လက်အောက်ခံပြုခြင်းကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ကြောင်း နှင့် ၎င်းအပေါ် ထိုကဲ့သို့ သော လုပ်ဆောင်ချက်များကိုလည်း မည်သည့်အခါမျှ ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(English Version)

China will take countermeasures against foreign bullying: spokesperson

BEIJING, July 24 (Xinhua) — A Chinese government spokesperson on Saturday said that any bullying sanction will meet harsh countermeasures.

The spokesperson for the Hong Kong and Macao Affairs Office of the State Council expressed resolute support for the Chinese foreign ministry’s decision of imposing reciprocal sanctions on six individuals and one entity from the United States.

They have been harming China’s national interests by fabricating facts and spreading rumors on Hong Kong-related issues and should be held accountable and punished according to China’s Anti-Foreign Sanctions Law, the spokesperson said.

China has never bullied, oppressed, or subjugated people of any other country, and will never allow such things to happen to it, the spokesperson added. Enditem
Photo taken on July 14, 2020 shows the Golden Bauhinia Square in south China’s Hong Kong. (Xinhua/Wu Xiaochu)