Connect with us

Media

ရှင်းကျန်းဒေသ၏ ပထမဆုံး ကန္တရဖြတ်ကျော် အမြန်လမ်းမကြီး ဆောက်လုပ်လျက်ရှိ

ဝူးလူမုချီ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပထမဆုံး ကန္တရဖြတ်ကျော် အမြန်လမ်းမကြီး ဆောက်လုပ်လျက်ရှိသည်။

အားလက်ထိုက် စီရင်စုနှင့် ရှင်းကျန်းဒေသ၏မြို့တော် ဝူးလူမုချီကို ဆက်သွယ်ထားသော S21 အားလက်ထိုက်-ဝူးလူမုချီ အမြန်လမ်းမကြီး၏ စုစုပေါင်းအရှည်သည် ၃၄၃ ကီလိုမီတာခန့်ရှိပြီး သဲကန္တရကို ဖြတ်ကျော်တည်ဆောက်ထားသည့် လမ်းပိုင်း ကီလိုမီတာ ၁၅၀ ကျော် ပါဝင်သည်။

ယင်းအမြန်လမ်းမကြီးကို ယခုနှစ်တွင် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားပြီး ၎င်းမှာ အားလက်ထိုက်နှင့် ဝူးလူမုချီအကြား ခရီးသွားလာမှု ကြာမြင့်ချိန်ကို ၃ နာရီခန့် သက်သာစေမည်ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်ရှိ ဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။

“အမြန်လမ်းက ဖူဟိုင်ခရိုင်နဲ့ ဝူးလူမုချီအကြား ကားမောင်းသွားလာရမယ့်ကြာချိန် သုံးနာရီလောက် သက်သာသွားစေပါမယ်။ ဖူဟိုင်ခရိုင်ကိုသာမက အားလက်ထိုက် စီရင်စု တစ်ခုလုံးရဲ့ ဒေသခံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး ဒေသခံခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက်လည်း တွန်းအားဖြစ်စေမှာဖြစ်ပါတယ်” ဟု ဖူဟိုင် ခရိုင် အရာရှိ ယန်တာ့ဖူက ဆိုသည်။ (Xinhua)

————————————
(English Version)
GLOBALink | Xinjiang’s first desert-crossing expressway under construction
2021-07-23 14:51:33
URUMQI, July 23 (Xinhua) — Construction of the first desert-crossing expressway in northwest China’s Xinjiang Autonomous Region is underway.
The S21 Altay-Urumqi expressway, linking Altay Prefecture and the regional capital city of Urumqi, will stretch some 343 kilometers, with sections of more than 150 kilometers running through the desert.
The expressway is expected to be completed this year and will cut travel times between Altay and Urumqi by about three hours, facilitating economic development in regions along the route.
Yang DaFu
Official of Fuhai County
The expressway will cut the driving time between Fuhai County and Urumqi,by about three hours.It will promote local economic development in Fuhai County and even the entire Altay Prefecture.It will also boost local tourism development.

Produced by Xinhua News Agency