နယူးယောက်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ရှိ ပြည်နယ် ၄ ခုတွင် တွေ့ရသည့် အဖြူရောင်အမြီးရှိသော ဒရယ် ၄၀ရာခိုင်နှုန်း ခန့် ၏ သွေးရည်ကြည်များတွင် ကိုရိုနာဗိုင်းရပ်စ် အား ကာကွယ်နိုင်သည့် ပဋိပစ္စည်း များရှိနေသည်ကို တွေ့ရှိရကြောင်း မကြာသေးမီက အမေရိကန်ဖယ်ဒရယ် စစ်တမ်းကောက်ယူမှုများအရသိသည်။...
ဟယ်လ်ဆင်ကီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ BYD ကားကုမ္ပဏီမှ ပေးပို့သော လျှပ်စစ်ကားအသစ် ၇၆ စီးသည် ဖင်လန်နိုင်ငံ မြို့တော် ဟယ်လ်ဆင်ကီမြို့တွင် လုပ်ငန်းလည်ပတ်တော့မည်ဖြစ်ကြောင်း သိရသည်။
ကူမင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) COVID-19 ရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့ရှိ သတ်မှတ်ထားသော ဆေးရုံ၏ ကွာရန်တင်းဧရိယာ၌ ကလေးသုံးမြွှာပူး မွေးဖွားခဲ့ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဩဂုတ် ၁၂ ရက်တွင်...
ရှန်ဟိုင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) “Pioneer I” ဟုအမည်ပေးထားသည့် တရုတ်နိုင်ငံ၏ ရေနက်ပိုင်းသတ္တု တူးဖော်ရေးယာဉ်သည် မကြာသေးမီက တောင်တရုတ်ပင်လယ်ပြင် Xisha ဒေသ၌ ရေအောက်အနက် မီတာပေါင်း ၁,၃၀၀ အထိဆင်းသက်၍ စမ်းသပ်တူးဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်အား ရှန်ဟိုင်းကျားထုံ တက္ကသိုလ် အဏ္ဏဝါဗေဒအင်ဂျင်နီယာအဖွဲ့က ထုတ်လုပ်ခဲ့ပြီး ပင်လယ်ကြမ်းပြင်၌...
ယန်ကျိုး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် မြို့တော် ယန်ကျိုးတွင် မြို့လုံးကျွတ် နျူကလစ်အက်ဆစ် စစ်ဆေးမှုတိုးမြှင့်နိုင်ရန်ရည်ရွယ်ကာ ယန်ကျိုးနိုင်ငံတကာ ပြပွဲ စင်တာ၌ လေပူဖောင်း စစ်ဆေးရေးဓါတ်ခွဲခန်းနှစ်ခုအားအမြန်တည်ဆောက်ခဲ့ကြောင်းသိရသည်။