Connect with us

Media

တစ်ရက်လျှင် လူပေါင်း ၁.၅ သန်းအား စစ်ဆေးပေးနိုင်သည့် ခေတ်မီ လေ‌ပူဖောင်းဓါတ်ခွဲခန်းများအား တရုတ်နိုင်ငံ၌တည်ဆောက်

ယန်ကျိုး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် မြို့တော် ယန်ကျိုးတွင် မြို့လုံးကျွတ် နျူကလစ်အက်ဆစ် စစ်ဆေးမှုတိုးမြှင့်နိုင်ရန်ရည်ရွယ်ကာ ယန်ကျိုးနိုင်ငံတကာ ပြပွဲ စင်တာ၌ လေပူဖောင်း စစ်ဆေးရေးဓါတ်ခွဲခန်းနှစ်ခုအားအမြန်တည်ဆောက်ခဲ့ကြောင်းသိရသည်။ထိုဓါတ်ခွဲခန်းနှစ်ခု၌ COVID-19 စစ်ဆေးမှု ၁၀ မျိုးစလုံးအား တစ်ကြိမ်တည်းဖြင့် စစ်ဆေးပေးနိုင်ပြီး တစ်ရက်လျှင် လူပေါင်း ၁.၅ သန်းအထိ စစ်ဆေးပေးနိုင်ကြောင်းသိရသည်။
ယန်ကျိုးမြို့၌ ပြီးခဲ့သည့်တနင်္လာနေ့အထိ မြို့လုံးကျွတ်အစုလိုက်အပြုံလိုက် နျူကလစ်အက်ဆစ်စစ်‌ဆေးမှု ၅ ကြိမ်တိုင်တိုင် ပြုလုပ်ထားပြီဖြစ်သည်။

Guangzhou Kingmed Diagnostics Group Co.,ltd မှ Zhang Houzhi က “ ကျွန်တော်တို့အခု ယန်ကျိုးနိုင်ငံတကာ ပြပွဲ စင်တာမှာ အဆင့်မြင့်လေပူဖောင်းစစ်ဆေးရေးဓါတ်ခွဲခန်းနှစ်ခုကိုတည်ဆောက်နေတာပါ၊ အဓိက ကတော့ ဝေးလံပြီး နမူနာကောက်ယူဖို့ခက်ခဲတဲ့နေရာတွေမှာစစ်ဆေးနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ က နမူနာကောက်ယူစုဆောင်းပြီး နန်ကျင်းနဲ့ ယန်ကျိုးမြို့တွေမှာ စစ်ဆေးနိုင်ဖို့အတွက် နမူနာတွေကို ဓါတ်ခွဲခန်းတွေကိုပို့ဆောင်ရပါတယ်။ အဆင့်မြင့်လေပူဖောင်းစစ်ဆေးရေးဓါတ်ခွဲခန်းနှစ်ခုကို တည်ဆောက်ထားတဲ့အတွက် အခုဆိုရင် ပမာဏများစွာကို ကောက်ယူရရှိနိုင်ပြီဖြစ်ပါတယ်၊ ၂၄ နာရီတစ်ရက်မှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်နဲ့အတူ နမူနာတွေကိုသယ်ယူပို့ဆောင်တဲ့လမ်းပေါ်က ကြာမြင့်ချိန်တွေကိုလည်း လျှော့ချ ပေးနိုင်ပါတယ်” ဟုဆိုသည်။ (Xinhua)

………………………….
(English Version)
GLOBALink | China’s Yangzhou builds air-inflated labs for mass nucleic acid testing

YANGZHOU, Jiangsu, Aug. 11 (Xinhua) — Authorities in the city of Yangzhou, east China’s Jiangsu Province, are building two advanced air-inflated testing labs at the Yangzhou International Exhibition Center, to enhance the city’s nucleic acid testing capabilities.

The labs, capable of automatic COVID-19 tests, can screen up to 1.5 million people a day using the ten-in-one mixed testing approach.

Yangzhou launched its fifth round of mass nucleic acid testing on Monday.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.