ထျန်းကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတရုတ်နိုင်ငံအတွက် ရွှေတံဆိပ်ဆုများဆွတ်ခူးပေးခဲ့ကြသည့် အားကစားသမားများအားဂုဏ်ပြုသောအားဖြင့် ထျန်းကျင်းမြို့၌ ဒရုန်းအစင်းရေပေါင်း ၁,၀၀၀ ကျော်ဖြင့် ပျံဝဲပုံဖော်ကာဂုဏ်ပြုခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံက တိုကျိုမြို့သို့ အဖွဲ့ဝင် ၇၇၇ ဦးပါဝင်သည့် အားကစားအဖွဲ့ကို စေလွှတ်ခဲ့ပြီး ယင်းမှာ နိုင်ငံရပ်ခြားအားကစားပြိုင်ပွဲများသို့ အားကစားသမားအများဆုံး စေလွှတ်ခြင်းလည်းဖြစ်သည်။...
ဖူးကျိုး၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်အတွင်း ဖူကျိုးမြို့နှင့်ရှမန်မြို့တို့အား ချိတ်ဆက်ပြေးဆွဲမည့် ပင်လယ်ကူး မြန်နှုန်းမြင့်ရထားလမ်းပိုင်းရှိ အဓိက တံတားကြီး ၏ အခြမ်းနှစ်ခြမ်းအား ပြီးခဲ့သည့်သောကြာနေ့က ချိတ်ဆက်ပြီးစီးခဲ့ကြောင်းသိရသည်။ Quanzhou ပင်လယ်အော် ဖြတ်ကူး တံတားကြီးသည် ၂၇၇ ကီလိုမီတာအရှည်ရှိ ဖူကျိုး-ရှမန် အမြန်ရထားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။...
ကာဘူး၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တာလီဘန် စစ်သွေးကြွများက အာဖဂန်နိုင်ငံတစ်ဝန်းရှိ အဓိက မြို့ကြီးများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် မြောက်ပိုင်း ကွန်ဒတ် ပြည်နယ် ၏ မြို့တော် ကွန်ဒတ်မြို့၊ မြို့တော်အနီးရှိ တက္ကာမြို့ နှင့် မြောက်ပိုင်း ဆာရီပေါပြည်နယ် ၏ မြို့တော်...
ပေကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဓိကလေဆိပ်များတွင် ခရီးဆောင်အိတ်များ ခြေရာခံရာ၌ ရေဒီယိုကြိမ်နှုန်းဖြင့်ခွဲခြားဖော်ထုတ်သည့် (RFID) နည်းပညာဖြင့် ဂရုတစိုက်ဆောင်ရွက်ပြီး ၎င်းတို့၏ ခရီးဆောင်အိတ်စီမံခန့်ခွဲခြင်း ဝန်ဆောင်မှုစွမ်းရည်မြှင့်တင် သွားမည်ဖြစ်ကြောင်း နိုင်ငံ၏လေကြောင်းအာဏာပိုင်များ၏ အဆိုအရ သိရသည်။
ပြုံးယမ်း ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုများ ရှေ့တိုးလုပ်ဆောင်လာခြင်းအတွက် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုရီးယားနိုင်ငံ(DPRK)က ဩဂုတ် ၁၁ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ပြင်းထန်သောလုံခြုံရေးအကျပ်အတည်းဖြစ်မှု”ဟူ၍ သတိပေးခဲ့ကြောင်း သိရသည်။