Connect with us

Media

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆွတ်ဆုရ တရုတ်အားကစားသမားများအား ဒရုန်းအစင်း၁,၀၀၀ ဖြင့်ဂုဏ်ပြု

ထျန်းကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတရုတ်နိုင်ငံအတွက် ရွှေတံဆိပ်ဆုများဆွတ်ခူးပေးခဲ့ကြသည့် အားကစားသမားများအားဂုဏ်ပြုသောအားဖြင့် ထျန်းကျင်းမြို့၌ ဒရုန်းအစင်းရေပေါင်း ၁,၀၀၀ ကျော်ဖြင့် ပျံဝဲပုံဖော်ကာဂုဏ်ပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက တိုကျိုမြို့သို့ အဖွဲ့ဝင် ၇၇၇ ဦးပါဝင်သည့် အားကစားအဖွဲ့ကို စေလွှတ်ခဲ့ပြီး ယင်းမှာ နိုင်ငံရပ်ခြားအားကစားပြိုင်ပွဲများသို့ အားကစားသမားအများဆုံး စေလွှတ်ခြင်းလည်းဖြစ်သည်။ အိုလံပစ်အားကစားချန်ပီယံ ၂၄ ဦးပါဝင်သည့် တရုတ်နိုင်ငံမှ အားကစားသမား ၄၃၁ ဦးသည် တိုကျိုတွင် အားကစားပြိုင်ပွဲအမျိုးအစား ၃၃ ခုအနက် ၃၀ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ပြီးဆုံးခဲ့သည့် အိုလံပစ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံမှအားကစားသမားများက ရွှေတံဆိပ် ၃၈ ခု၊ ငွေတံဆိပ် ၃၂ ခုနှင့်ကြေးတံဆိပ် ၁၈ ခု ဆွတ်ခူးရရှိခဲ့ရာ အမေရိကန်ပြည်ထောင်စုနောက် ဆုတံဆိပ် ဒုတိယအများဆုံး ဆွတ်ခူးသည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ (Xinhua)

……………………………
(English Version)

1,000 drones stage light show in Tianjin to salute Chinese athletes in Tokyo Olympics
TIANJIN, Aug. 9 (Xinhua) — A dazzling light show was staged with 1,000 drones in Tianjin, China to salute Chinese athletes in Tokyo Olympics.

China dispatched a 777-member delegation to Tokyo, its largest ever for an overseas Games. The 431 Chinese athletes, including 24 Olympic champions, competed in 30 out of 33 sports in Tokyo.As the Games wrapped up on Sunday, China ranked second in the medal count behind the United States with 38 golds, 32 silvers and 18 bronze medals.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.