လန်ဒန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အနာဂတ် သန့်ရှင်းသောစွမ်းအင် အကူးအပြောင်း၌ ကမ္ဘာပေါ်တွင် ဦးဆောင်လျက်ရှိပြီး ၎င်း၏ အစိမ်းရောင်နည်းပညာ ထုတ်လုပ်မှုက အကြောင်းပြချက်ဖြစ်ကြောင်း ဘီဘီစီ၏ ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်သည့် ဆောင်းပါးအရ သိရသည်။
ဒါကာ ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် COVAX အစီအစဉ်မှတစ်ဆင့် ပို့ဆောင်ပေးခဲ့သည့် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး နောက်ထပ်တစ်သုတ်အား လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၌ Delta ဗီဇပြောင်း ဗိုင်းရပ်စ် အတားအဆီးမရှိ ပျံ့နှံ့မှုကြောင့် ကူးစက်မှုများတစ်ဟုန်ထိုး ပြန်လည် မြင့်တက်လာခဲ့ရာ သြဂုတ် ၁၀ ရက်အထိ COVID-19 ဖြစ်ပွားမှုပေါင်း ၃၆ သန်းအထိ အမြင့်ဆုံးရောက်ရှိလာခဲ့ကြောင်း သိရသည်။
ချီကာဂို ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့ အနောက်ဘက်အစွန်ဆုံး ဆင်ခြေဖုံးများ၌ ဩဂုတ် ၉ ရက် ညနေ ၄ နာရီခွဲမှ ၆ နာရီ ၄၅ မိနစ်အထိ ၃ နာရီမပြည့်မီ လေဆင်နှာမောင်း ၆ ကြိမ်ထက် မနည်း တိုက်ခတ်ခဲ့ကြောင်း...
အယ်လ်ဂျီးစ် ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Tizi Ouzou ပြည်နယ် နှင့် Bejaia ပြည်နယ် တို့တွင် တောမီးအကြီးအကျယ် လောင်ကျွမ်းနေရာ ယင်းတောမီးအား ငြိှမ်းသတ်ရန် ကြိုးပမ်းစဉ် စစ်သား ၂၅ ဦး သေဆုံးခဲ့ရကြောင်း အယ်လ်ဂျီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။