ဘရာစေးလေးယား၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာ စက်ရုံများမှ COVID-19 ကာကွယ်ဆေးများ ထုတ်လုပ်ခြင်းနှင့် ထိရောက်သော ဆေးဝါးဆိုင်ရာ ပါဝင်ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ကို ခွင့်ပြုသည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံကျန်းမာရေးဝန်ကြီး Sajid Javid သည် ၎င်းအနေဖြင့် ပြီးခဲ့သော ညပိုင်းက အားအင်ကုန်ခမ်း ချိနဲ့သည်ဟုခံစားရပြီးနောက် COVID-19 ရောဂါစစ်ဆေးခဲ့ရာတွင် Positive ရလာဒ်ထွက်ပေါ်ခဲ့ကြောင်း စနေနေ့က ထုတ်ဖော် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ရွှေ့ပြောင်းသွားလာသူများ ရောက်ရှိလာမှုသည် ဇွန်လတွင် နှစ်အလိုက် မြင့်မားသော အရေအတွက်သို့ ရောက်ရှိလာခဲ့ကြောင်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သည့် စာရင်းအင်းအသစ်အရ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအတွင်း ဖြစ်ပွားလာနိုင်သည့် COVID-19 တတိယလှိုင်းအား ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် လာမည့် ရက်ပေါင်း ၁၀၀ မှ ၁၂၅ ရက်သည် အရေးကြီးကြောင်း အိန္ဒိယဖက်ဒရယ်အစိုးရက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ အမျိုးသား ဆေးဝါးကြီးကြပ်ရေးဌာန(NMRA)က တရုတ်နိုင်ငံ၏ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးအား နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာ ဆေးဝါးထုတ်လုပ်ပံ့ပိုးရေးနှင့်ကြီးကြပ်ရေးဝန်ကြီး Channa Jayasumana က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု ဒေသခံမီဒီယာများတွင် ဖော်ပြထားသည်။