ဆိုးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား အရှေ့ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
အူလန်ဘာတာ ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ အိမ်မွေးကြောင်နှစ်ကောင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း တိရစ္ဆာန်ကူးစက်ရောဂါများအတွက် အမျိုးသားစင်တာက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နန်နင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခဲ့သော လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အကြာကတည်းက တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် နယ်ပယ်စုံတွင် အကျိုးအမြတ်ရှိသော ရလဒ်များဖြင့် ချိတ်ဆက်လက်တွဲလျက် ရှေ့ဆက်လာခဲ့ရာ အာရှ-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွမှုအရှိဆုံး စံပြပုံစံဖြစ်လာခဲ့သည်။
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်အရေးတွင် ဥရောပသမဂ္ဂက သက်ရောက်မှုရှိလိုပါက အာဖဂန်တာလီဘန်တို့နှင့်ထိတွေ့ဆက်ဆံမှုမှလွဲ၍ အခြားရွေးချယ်စရာမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒအဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်ငါးနှစ်အတွင်း လူပေါင်း ၁ သန်း ဆွဲဆောင်ရန် ရည်ရွယ်၍ အလားအလာမြင့်မားသောနိုင်ငံခြားသားများ ရေရှည်နေထိုင်ခွင့် အစီအမံများကို စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။