အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Upper Kohistan ခရိုင်၌ ယနေ့ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ဘတ်စ်ကားထိမှန်သော ပေါက်ကွဲမှုအတွင်း လူ ၉ ဦးထက်မနည်း သေဆုံးကာ ၃၉ ဦး...
ဂျေရုဆလမ် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အစ္စရေးဆေးဘက်ဆိုင်ရာသုတေသီများက အမျိုးသား နှင့် အမျိုးသမီးများအကြား သွေးထဲတွင် COVID-19 ရောဂါကာကွယ်သောပဋိပစ္စည်းပမာဏ ကွဲပြားခြားနားချက်များကို တွေ့ရှိခဲ့ကြောင်း တဲလ်အဗစ်တက္ကသိုလ်(TAU)က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တီဟီရန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးတစ်ခုအတွက် အီရန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား လတ်တလောဆွေးနွေးညှိနှိုင်းနေကြောင်း နှင့် အီရန်နိုင်ငံအနေဖြင့် အကျဉ်းသားအားလုံး အပြန်အလှန် လဲလှယ်မှုအတွက် အသင့်ရှိကြောင်း အီရန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၃ ရက်တွင် အတည်ပြုခဲ့သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ထုတ်လုပ်မှုမတူညီသည့် ကာကွယ်ဆေးများကို ရောနှော ထိုးနှံခြင်း မပြုကြဖို့နှင့် ၎င်းမှာ အန္တရာယ်ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathanက ဇူလိုင် ၁၂ ရက်က သတိပေး ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် လူခန္ဓာကိုယ်ကျန်းမာရေးကို သက်ရောက်သည့် အချက်အလက် အကန့်အသတ်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
ဘဂ္ဂဒက်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံတောင်ပိုင်း Dhi Qar ပြည်နယ်ရှိ ကိုဗစ်-၁၉ ကုသရေးဆေးရုံတစ်ခုတွင် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားသည့် မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် သေဆုံးသူ (၉၂)ဦးအထိ မြင့်တက်လာကြောင်း အီရတ်နိုင်ငံပိုင်သတင်းအေဂျင်စီ (INA)က ဇူလိုင် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။