ပြုံယမ်း၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် အသစ်တီထွင်ထုတ်လုပ်သည့် တာဝေးပစ်ခရုစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာ အောင်မြင်မှုရရှိကြောင်း မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) သတင်းဌာနက စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ ပစ်လွှတ်ခဲ့သည့် တာဝေးပစ်ခရုစ်ဒုံးကျည်၏ ပျံသန်းချိန်သည် (၇,၅၈၀)စက္ကန့်ရှိပြီး...
ဂျေရုစလင် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံအကျဉ်းထောင်တစ်ခုမှ ထောင်ဖောက်ထွက်ပြေးလွတ်မြောက်သွားသော ပါလက်စတိုင်းအကျဉ်းသား ၆ ဦးအနက် ၄ ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီးနောက် ၎င်းတို့အား နိုင်ငံမြောက်ပိုင်း နာဇရက်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းစစ်သွေးကြွ ၆...
ဘန်ကောက် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက ယခုအချိန်ထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၄၀ ကျော် ထိုးနှံပေးထားကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် COVID-19 ကာကွယ်ဆေး ပထမအကြိမ်...
ကိုလုံး၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ယခုရက်ပိုင်း ရွှေဖရုံသီးရိတ်သိမ်းပွဲအထိမ်းအမှတ်ဖြစ် ဂျာမနီနိုင်ငံ ကိုလုံးမြို့အနီးရှိ လောမာမြို့လေးတွင် ရိုးရာရွှေဖရုံသီးပွဲတော် ကျင်းပခဲ့သည်။ စိတ်ဝင်စားဖွယ် ရွှေဖရုံသီးအလေးချိန်ပြိုင်ပွဲက ယင်းပွဲတော်ကာလတွင် ထည့်သွင်းကျင်းပသော အဓိကအစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်သည်။ ဂျာမနီ၊ ဘယ်လ်ဂျီယံစသည့်ဒေသများမှလာသော ဖရုံစိုက်ပျိုး တောင်သူများက မိမိတို့စိုက်ပျိုးထားသည့် အရည်အသွေးမြင့် ဖရုံသီးများကို...
ကဘူလ်း ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်အမျိုးသမီးများအနေဖြင့် အထက်တန်းပညာရေး နှင့် တက္ကသိုလ်ပညာရေးများကို တက်ရောက်သင်ကြားနိုင်ကြောင်း ၊ သို့သော် အမျိုးသား-အမျိုးသမီး သီးသန့်ခွဲခြား သင်ကြားပေးသော စာသင်ခန်းများ၌သာ တက်ရောက်ရမည်ဖြစ်ကြောင်း တာလီဘန်အစိုးရသစ် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး Abdul Baqi Haqqani က စက်တင်ဘာ ၁၂...