ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ) မေ ၃၁ ရက် အထိဆိုပါက COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၂၇ နိုင်ငံအား ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ ၂၉ ဖွဲ့ကို စေလွှတ်ပေးခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုသို့လည်း ရောဂါတိုက်ဖျက်ရေးအတွက်...
ကျန့်ကျိုး၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့သည် မြစ်ဝါမြစ်ရေစီးဆင်းမှုနှင့်အတူ တည်ရှိနေသည့် မြို့ တစ်မြို့ ဖြစ်သည်။ မြို့အနီးဝန်းကျင်တွင်လည်း ရေကန်များစွာရှိရာ ကျန့်ကျိုးမြို့သည် ရေမြေကြောင့် ပန်းချီကားသဖွယ် သာယာလှပမှုရှိသည့် နေထိုင်ချင့်စဖွယ် ချမ်းမြေ့သည့် မြို့တစ်မြို့ဖြစ်သလို ရေကြောင့်ပင် တိုးတက်ဖြစ်ထွန်းနေသည့်မြို့တစ်မြို့ဟု ဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ (Xinhua)
ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် မေ ၃၁ ရက် ၂၄:၀၀ နာရီအထိ ဆိုရလျှင် တရုတ်နိုင်ငံ ပြည်နယ်နှင့်ဒေသပေါင်း ၃၁ ခု နှင့် ရှင်းကျန်း ထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံစာအရ COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၈၃,၀၁၇...
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် လူနာများအား ဆေးကုသမှုပေးရန် နှင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန်အတွက် နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း စက္ကူဖြူစာတမ်းထဲတွင် ရေးသားဖော်ပြထားသည်။
ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ) ကပ်ရောဂါတိုက်ဖျက်ရေးတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အခက်အခဲများကိုရင်ဆိုင်တွန်းလှန်ကာ ရှေ့သို့လှမ်းချီခဲ့ကြကြောင်း ၊ သန်းနှင့်ချီသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများက တစ်နိုင်ငံလုံး၏ကပ်ရောဂါတိုက်ဖျက်ရေးရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ဇွန် ၇ ရက်တွင် ထုတ်ပြန်သည့် COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏လှုပ်ရှားဆောင်ရွက်မှုများ ဟူ၍...