နယူးဒေလီ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်သည့် ကက်ရ်ှမီးယားဒေသတွင် မတ် ၁၆ ရက်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျမှုဖြစ်ပွားရာ အနည်ဆုံး လူ ၁၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်စစ်တပ် က အငြင်းပွားမှုများဖြစ်ပွားနေသည့် ကတ်ရှ်မီးယားဒေသ ရှိ နှစ်နိုင်ငံ နယ်စပ်ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် တွင် ပျံသန်းနေသည့် အိန္ဒိယမှ ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် တစ်စင်းအား ပစ်ချခဲ့ကြောင်း မတ် ၁၆ ရက်ကပြောကြားခဲ့သည်။
ဖနွမ်းပင်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန်သီဟာမိုနီ(Norodom Sihamoni) သည် ၎င်း၏မယ်တော် Norodom Monineath Sihanouk နှင့်အတူ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် တရုတ်နိုင်ငံ၊ပေကျင်းမြို့သို့ မတ်လ ၁၇ ရက်တွင် ထွက်ခွာခဲ့ကြောင်း သိရသည်။
ကွမ်ကျိုး၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၌ ဆောင်းရာသီအားကစားလှုပ်ရှားမှု များပြားလာသည်နှင့် အမျှ နိုင်ငံ တောင်ပိုင်း တွင် စတုရန်းမီတာ ၇၅,၀၀၀ ကျယ်ဝန်းသည့် မိုးလုံလေလုံ စကိတ်စီးကွင်းကြီးတစ်ခု ကို ဇွန် ၁၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။