ကဘူးလ် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)
ဟူစတန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်တွင် ခွင့်ပြုမိန့်(ပါမစ်)မရှိ၍ဖြစ်စေ သို့မဟုတ် မည်သည့်လေ့ကျင့်မှုပြုလုပ်ရန်အတွက်မဆိုဖြစ်စေ အသက် ၂၁ နှစ် သို့မဟုတ် ၂၁ နှစ်အထက်ရှိသူ မည်သူမဆို လက်နက်ကိုင်ဆောင်ခွင့်ကို ဩဂုတ် ၃၁ ရက် သန်းခေါင်ယံမှ စတင်ကာ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဝူဟန့်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့ ဟဲပင်းလမ်းတွင် တောင်ဘက် ဥမင်တိုးချဲ့ခြင်းစီမံကိန်းအား တရုတ်ပြည်တွင်းထုတ် ဥမင်တူးစက်ယန္တရားကြီးကို အသုံးပြုကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အကောင်အထည်ဖော်ခဲ့ကြောင်းသိရသည်။ ဟဲပင်းဟုအမည်ပေးထားသည့် အဆိုပါယန္တရားကြီးသည် တရုတ်နိုင်ငံရှိ ဥမင်တူးစက်အမျိုးအစားများထဲတွင် အကြီးဆုံးအချင်းရှိသည့် ဥမင်တူးစက်ကြီးဖြစ်ပြီး ၁၆.၀၃ မီတာ အကျယ်အဝန်းရှိသည်။...
လူဝီစီယားနား၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု လူဝီစီယားနား ပြည်နယ်တွင် ပြီးခဲ့သည့်တနင်္ဂနွေနေ့က အင်အားပြင်း ဟာရီကိန်းမုန်တိုင်း အိုင်ဒါ Ida တိုက်ခတ်မှုကြောင့်မြေပြိုမှုဖြစ်ပွားပြီး အနည်းဆုံးလူတစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကဆိုသည်။ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ပြီး Prairieville ရှိနေအိမ်တစ်အိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့ရာမှ အသက် ၆၀ နှစ်အရွယ် လူကြီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း...
ဒါကာ၊ သြဂုတ် ၃၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မြို့တော် ဒါကာတွင် နိုင်ငံ၏ ပထမဆုံး MRTရထားဝန်ဆောင်မှုဖြစ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေး ရထားလိုင်းအမှတ် ၆ (MRT-6) ၏ ၂၀.၁ ကီလိုမီတာ စီမံကိန်း အပိုင်းတစ်ပိုင်းတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ က စမ်းသပ်ပြေးဆွဲမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ ယင်းစမ်းသပ်ပြေးဆွဲမှုအတွက် ဒါကာမြို့ရှိ...