ကွာလာလမ်ပူ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဩစတြေးလျ ၊ မလေးရှား ၊ စင်္ကာပူ ၊ တောင်အာဖရိကနိုင်ငံတို့ရှိ ဗဟိုဘဏ်များသည် နိုင်ငံတကာငွေပေးချေမှုများအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးများ(CBDCs) အသုံးပြုခြင်းကို စမ်းသပ်ရန် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါဗဟိုဘဏ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် မြို့နယ်တချို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီး မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလတွင် မြစ်ရေကြီးခြင်းအန္တရာယ်အား ဆက်လက်သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၂ ရက်တွင်ပြောသည်။
နယူးယောက်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေဖုံးလွှမ်းခြင်းများ ဖြစ်ပေါ်စေသော Ida ဟာရီကိန်းမုန်တိုင်း အကြွင်းအကျန်များကြောင့် ဩက်တင်ဘာ ၂ ရက် အစောပိုင်း၌ အရေးပေါ်အခြေအနေအဖြစ် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က ကြေညာခဲ့သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) BRICS New Development ဘဏ် (NDB) က အာရပ်စော်ဘွားများပြည်ထောင်စု၊ ဥရုဂွေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများအား အဖွဲ့ဝင်နိုင်ငံအသစ်များအဖြစ် ဖြည့်သွင်းကြောင်း စက်တင်ဘာ ၂ ရက် မွန်းတည့်ချိန်က ကြေညာခဲ့သည်။
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားတွင် Caldor တောမီးလောင်ကျွမ်းမှုသည် စက်တင်ဘာ ၁ ရက်အထိ ဧက ၂၀၀,၀၀၀ ကျော်လောင်ကျွမ်းထားပြီး South Lake Tahoe မြို့ အရှေ့ဘက်ရှိ Meyers ရပ်ကွက်သို့ ဆက်လက် ကူးစက်ပျံ့နှံ့နေကြောင်း မီးသတ်တာဝန်ရှိသူများက ပြောခဲ့သည်။