ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ကုလသမဂ္ဂ (UN) ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့၏ အခန်းကဏ္ဍများကို ခိုင်မာစွာထောက်ခံကြောင်း မေ ၁၅ ရက်က ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဆက်လက်၍ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အား ထိန်းသိမ်း၍ ပါကစ္စတန် နိုင်ငံ...
နင်းရှ၊ မေ ၁၅ ရက်(ဆင်ဟွာ) ငလျင်ဘေးသင့်ပါက ကယ်ဆယ်ရေးလုပ်ငန်းများထိရောက်မြန်ဆန်မှုရှိစေရန် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဒေသတွင် မီးသတ်ဝန်ထမ်းပေါင်း ၁၈၀ ကျော်စုပေါင်းကာ ကယ်ဆယ်ရေးအစမ်းလေ့ကျင့်မှုများပြုလုပ်ခဲ့ကြသည်။ ကယ်ဆယ်ရေးလေ့ကျင့်မှုကို ၃ရက်ကြာပြုလုပ်ခဲ့ပြီး အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ဆောင်ရွက်မှုနှင့် ကယ်ဆယ်ရေးစွမ်းရည်များတိုးတက်လာစေရန်ရည်ရွယ်သည်။ လေ့ကျင့်ရေးလုပ်ဆောင်ရာတွင် မြေပြန့်ဒေသတင်မကဘဲ ရှုပ်ထွေးသောအခြေအနေများရှိသော တောင်တန်းဒေသများ၌ပါသွားရောက်လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။(Xinhua)