မက္ကဆီကိုစီးတီး၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ သမ္မတ ဂျိုဗီနယ်မော်စီ (Jovenel Moise)ကို လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည့် သံသယရှိသူ အနည်းဆုံး (၂၈)ဦး ရှိရာ ရဲတပ်ဖွဲ့က သံသယတရားခံ (၁၇)ဦးကို ဖမ်းဆီးထားပြီး နောက်ကွယ်ညွှန်ကြားသူကို လိုက်လံရှာဖွေနေကြောင်း ဟေတီရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်တွင်...
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် (၁၉၄) နိုင်ငံရှိသည့်အနက် နိုင်ငံနှင့်ဒေသ (၁၀၄)ခုတွင် Delta ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုများ ရှိနေပြီဖြစ်ကြောင်း WHO၏နောက်ဆုံးရကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ နိုင်ငံအသီးသီးက ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကန့်သတ်ချက်ကို ဖြေလျှော့ချိန်တွင် အထူးသတိထားသင့်ကြောင်း WHO အရေးပေါ်ကျန်းမာရေး အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး Dr. Mike Ryan...
ဝယ်လင်တန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ၏ တောင်ပိုင်းကျွန်းရှိ Queenstown မြို့အနီး၌ ဇူလိုင် ၉ ရက်တွင် မီးပုံးပျံပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာတွင်ဖော်ပြခဲ့သည်။ အခင်းဖြစ်ပွားရာနေရာရှိ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အနည်းဆုံးလူတစ်ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အခြားလူ ၁၀...
စတော့ဟုမ်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဆွီဒင်နိုင်ငံရှိ လေဆိပ်တစ်ခု၌ ဇူလိုင် ၈ ရက် ညနေပိုင်းတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်း သိရသည်။ လေယာဉ်မှူးအပါအဝင် လေယာဉ်ပေါ်တွင် လူ ၉ ဦး ပါရှိပြီး မြို့တော် စတော့ဟုမ်း၏ အနောက်ဘက် ၁၆၀ ကီလိုမီတာအကွာ...
ဝါရှင်တန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်ရှိ အမေရိကန်၏ စစ်ရေးတာဝန်များကို ဩဂုတ် ၃၁ ရက်တွင် အဆုံးသတ်တော့မည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။ စစ်တပ်ရုပ်သိမ်းခြင်းကို စနစ်တကျ အလျင်အမြန်လုပ်ဆောင်နေသည်ဟု ဘိုင်ဒန်က ယင်းနေ့ညနေပိုင်း အိမ်ဖြူတော်၌ အာဖဂန်အခြေစိုက်တပ်ရုပ်သိမ်းမှုအကြောင်းကို...