ဝါရှင်တန်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) အီရန်ရေနံသယ်ယူပို့ဆောင်ရေးကွန်ရက်တစ်ခုကို ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၊ ရဲခရိုင် အမှတ် ၉ ရှိ ရှာ့ဒါရက်နယ်မြေတွင် စက်တင်ဘာလ ၅ ရက်၌ ကားဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးသွားကြောင်း၊ သေဆုံးသူအားလုံးမှာ အရပ်သားများဖြစ်ကြောင်းနှင့် အခြားလူ ၄၂ ဦး...
နေပြည်တော်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တည်ဆောက်ရေး လုပ်ငန်းများတွင် အရည်အသွေး စစ်ဆေးရန် တာဝန်ပေးထားသည့် တတိယအဖွဲ့(third party) များ တာဝန်ပျက်ကွက်ပါက အမည်ပျက်စာရင်း (black list)သွင်းမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောခဲ့သည်။
အန်ကာရာ ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တူရကီ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ စက်တင်ဘာ ၄ ရက် ထုတ်ပြန်ကြေညာချက် အရ တူရကီ နိုင်ငံ လေတပ် တပ်ဖွဲ့ဝင် များ က ရုရှား နိုင်ငံ တီထွင်ထုတ်လုပ်သည့် S-400...